close

အလုပ်ကြိုးစား

close

August 12, 2022

မန်ယူအတွက်ပြင်းထန်စွာအလုပ်ကြိုးစားနေဟု ပရိသတ်များကို စီရော်နယ်ဒို အသိပေး

မန်ယူနိုက်တက်အသင်းအတွက် ပြင်းထန်စွာ အလုပ်ကြိုးစားနေကြောင်း စီရော်နယ်ဒိုက ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ရာသီမစခင်ကတည်းက အသင်းကနေ ထွက်ခွာမယ်လို့ သတင်းကြီးခဲ့ပေမယ့် ယူနိုက်တက်မှာ ဆက်ရှိနေဆဲပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမဲ့ လူစားဝင်က စားခွင့်ရခဲ့ပြီး လာမယ့် တစ်ပတ်ပွဲစဉ်အတွက် ရော်နယ်ဒိုက ပြင်းပြင်းထန်ထန် ကြိုးစားနေတာပါ။

လေ့ကျင့်ရေးကွင်းမှာ သူလေ့ကျင့်နေတဲ့ပုံတွေကို ရော်နယ်ဒိုက အင်စတာဂရမ်မှာတင်ခဲ့ပြီး “ ပြင်းပြင်းထန်ထန်အလုပ်ကြိုးစားခြင်းက အမြဲတမ်းအောင်မြင်မှုရရှိစေနိုင်တယ်” ဆိုပြီး ရေးတင် ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အင်စတာဂရမ်အကောင့်မှာ Follower ၄၇၅ သန်းအထိရှိပြီး သူတင်ခဲ့တဲ့ ပို့စ်ကို တစ်ရက်အတွင်းမှာ ပရိသတ် ၅ သန်းလောက်က  အားပေးခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်မရခဲ့ဘူးဆိုရင်တော့ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်  ၂ ပွဲ ဆက်တိုက် အရန်ခုံထိုင်ရမယ့် မှတ်တမ်းရရှိသွားမှာဖြစ်ပါတယ်။ 

1 min Ago
Up