close

အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချ

close

April 21, 2022

အေအေနှင့်ဆက်နွှယ်မှုဖြင့် မောင်တော ဒေသခံ ၂ ဦးကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချ

ရက္ခိုင်တပ်တော် (အေအေ)နဲ့  ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)နဲ့ တရားစွဲခံထားရတဲ့ မောင်တောမြို့နယ်က ဒေသခံ နှစ်ယောက်ကို  ဧပြီ ၂၁ ရက်မှာ မောင်တောခရိုင် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ မောင်တောမြို့ ၃ ရပ်ကွက်နေ ကိုညီညီနိုင်နဲ့ မောင်တောမြို့နယ် ငွေတောင်ကျေးရွာသား  ဦးအောင်လှသိန်းတို့ ဖြစ်ကြပါတယ်။

ကိုညီညီနိုင်ရဲ့ မိသားစုဝင် တစ်ဦးက "ဒီနေ့မှာ သူတို့ နှစ်ဦးကို အကြမ်းဖက်မှုနဲ့ မောင်တောခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုတော့ တစ်ပေါင်းတည်းခံစားခွင့်ရှိတယ်လို့ပြောတယ်။ သူက အေအေ နဲ့လည်း ဆက်စပ်တာမဟုတ်ဘူး ပန်းထိမ်အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်တယ်" ပြောပါတယ်။

ကိုညီညီနိုင်ကို ပြီးခဲတဲ့ ၂၀၂၀ ပြည့်နှဏ် မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတာလဲဆိုတာကို မသိခဲ့ရဘူးလို့ အစ်ကိုဖြစ်သူကပြောပါတယ်။

ဦးအောင်လှသိန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလဆန်းပိုင်းက ပြင်ဖြူရဲစခန်းက လမ်းပြုပြင်ဖို့ ခေါ်ယူကာ ဖမ်းဆီးသွားတာဖြစ်ပြီး  ပြင်ဖြူရဲစခန်းမှူးက တရားလိုလုပ်ကာ မောင်တောခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ် ၅၀(ဈ) တရားစွဲဆိုခဲ့တာလို့ မိသားစုဝင်တွေကပြောပါတယ်။

လက်ရှိမှာ သူတို့ နှစ်ယောက်ကို ဘူးသီးတောင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့  မိသားစုဝင်တွေကပြောပါတယ်။

ရက္ခိုင်တပ်တော်ကိုပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ် ၁၁ ရက်မှာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပြန်ရုပ်သိမ်းပေးခဲ့ပေမဲ့ အေအေနဲ့ ဆက်စပ်တယ်ဟု ဆိုကာ ဖမ်းဆီး တရားစွဲခံထားရသူ ၄၀ ကျော်လောက်ကျန်နေသေးတယ်လို့  စာရင်းပြုစုနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။

1 min Ago
Up