close

အသက်မပြည့်ကလေးငယ်

close

April 25, 2022

ငပုတောတွင် အုပ်ချုပ်ရေးမှူးအသတ်ခံရသဖြင့် ၄ နှစ်ကလေးအပါအဝင် ၁၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ငါးပြေးမကျေးရွာ အုပ်ချုပ်ရေးမှူး အသက်ခံရပြီးနောက်ပိုင်း အသက် ၄ နှစ်အရွယ်ကလေး အပါအဝင် ၁၅ ဦးထိ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ငါးပြင်းမကျေးရွာအုပ်ချုပ်ရေး အသက်ခံရတဲ့ ဧပြီ ၁၉ ရက်နေ့ညပိုင်းမှာတင် ဒေသခံပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက်ရက်မှာ အသက် ၄ အရွယ် ယောကျ်ားလေး ၁ ဦး၊ အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၁၂ နှစ်အရွယ်မိန်းကလေး ၁ ဦးအပါဝင် ဒေသခံရွာသားတွေကို ထပ်မံ ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“စဖြစ်တဲ့ညပိုင်းမှာတင် ၁၀ ယောက်ဖမ်းသွားတာ၊ ၂၂ ရက်နေ့မှာ ရွာထဲ ထပ်လာပြီး ၅ ယောက် ထပ်ဖမ်းတာ။ အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါ ပါသွားတာ။ ဒီကလေးတွေက ဘယ်လိုနိုင်ငံရေးနားလည်မလဲဗျာ။ အဲဒါကို သက်သက်ဒုက္ခပေးချင်လို့ ဖမ်းတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို မိသားစုဝင်တွေနဲ့ အဆက်သွယ်ပြုလုပ်ခွင့် မပေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးတာကြောင့် အသက်အန္တရာယ် စိတ်ပူနေရတယ်လို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရတာနဲ့ပတ်သက်ပြီး ခုလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ဖမ်းဆီးခံနေရတာဟာ ရာအိမ်မှူး ဂုတ်တို ဆိုသူနဲ့ ဘပုတို့က စစ်တပ်နဲ့ ရဲကို သတင်းပေးတာကြောင့် ဖြစ်တယ်လို့ ရွာသားတွေအကြား ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ငါးပြင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဇော်ထွန်း ဆိုတဲ့သူကို ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ငပုတော မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပေါင်းရှင်းလင်းခဲ့တာဖြစ်ပြီး အားလုံး ဘေးကင်းတဲ့နေရာကို ပြန်ရောက်နေပြီလို့ တာဝန်ရှိသူတဦးက DVB ကို ပြောဆိုထားပါတယ်။

3 mins Ago

March 2, 2022

မန္တလေးတွင် အသက်မပြည့် ကလေးငယ် ၁ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မန္တလေးတိုင်း ၊ မန္တလေးမြို့ မဟာမြိုင် ၂ ရပ်ကွက်မှာ မတ်လ ၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မီတာပုံးတွေ လိုက်ဖြုတ်နေတာကို ဓာတ်ပုံရိုက်လို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအား ဆံပင်ဆွဲ ရိုက်နှက်ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။

မဟာမြိုင် ၂ ရပ်ကွက်ထဲက မီတာမဆောင်တဲ့ အိမ်တွေမှာ မီတာပုံးတွေ လိုက်ဖြုတ်နေတာကို ဓာတ်ပုံရိုက်လို့ဆိုပြီး အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၁ ဦးကို ရပ်မွန်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးက ရိုက်နှက်ဖမ်းဆီးသွားတာလို့ voice of mandalay ရဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတဦးက “အသက်မပြည့်သေးတဲ့ ကလေးကို ဝိုင်းရိုက်နေတာကို ရွာဦးကျောင်းက ဘုန်းကြီးတွေ လာတောင်းပန်ပြီး တားတာတောင် မရဘူး။ ဆက်တိုက်ရိုက်ပြီး ဖမ်းသွားတာ အခုအချိန်ထိ ဘယ်ကို ဖမ်းသွားမှန်း မသိရသေးဘူး။ မိဘတွေလည်း အရမ်းစိတ်ပူနေကြတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့အတွင်း မီတာမဆောင်တဲ့ အိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီတာပုံးတွေ လိုက်ဖြုတ်နေသလို မီးကြိုးတွေ လိုက်ဖြတ်နေတာလည်း ရှိတယ်လို့ သိရပါတယ်။

2 months Ago
Up