close

မန္တလေးတွင် အသက်မပြည့် ကလေးငယ် ၁ ဦးကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

မန္တလေးတိုင်း ၊ မန္တလေးမြို့ မဟာမြိုင် ၂ ရပ်ကွက်မှာ မတ်လ ၁ ရက်နေ့ မနက် ၁၀ နာရီလောက်က မီတာပုံးတွေ လိုက်ဖြုတ်နေတာကို ဓာတ်ပုံရိုက်လို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးအား ဆံပင်ဆွဲ ရိုက်နှက်ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။

မဟာမြိုင် ၂ ရပ်ကွက်ထဲက မီတာမဆောင်တဲ့ အိမ်တွေမှာ မီတာပုံးတွေ လိုက်ဖြုတ်နေတာကို ဓာတ်ပုံရိုက်လို့ဆိုပြီး အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၁ ဦးကို ရပ်မွန်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၅ ဦးက ရိုက်နှက်ဖမ်းဆီးသွားတာလို့ voice of mandalay ရဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒေသခံတဦးက “အသက်မပြည့်သေးတဲ့ ကလေးကို ဝိုင်းရိုက်နေတာကို ရွာဦးကျောင်းက ဘုန်းကြီးတွေ လာတောင်းပန်ပြီး တားတာတောင် မရဘူး။ ဆက်တိုက်ရိုက်ပြီး ဖမ်းသွားတာ အခုအချိန်ထိ ဘယ်ကို ဖမ်းသွားမှန်း မသိရသေးဘူး။ မိဘတွေလည်း အရမ်းစိတ်ပူနေကြတယ်” လို့ ပြောပါတယ်။

မန္တလေးမြို့အတွင်း မီတာမဆောင်တဲ့ အိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီတာပုံးတွေ လိုက်ဖြုတ်နေသလို မီးကြိုးတွေ လိုက်ဖြတ်နေတာလည်း ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up