ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ချန်ပီယံလိဂ်ဂိုး ၄၀ ကို အသက်အငယ်ဆုံးနဲ့ ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အမ်ဘာပေဟာ ဂျူဗင်တပ်စ်နဲ့ပွဲမှာ တဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ဂိုး ၄၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဂိုး ၄၀ ပြည့်ချိန်မှာတော့ သူဟာ အသက် ၂၃ နှစ်၊ ၁၀ လ နဲ့ ၁၃ ရက် ရှိတာကြောင့် အသက်အငယ်ဆုံးနဲ့သွင်းယူနိုင်တဲ့ မှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒီဂိုးအရေအတွက်ကို အသက် (၂၄ နှစ်၊ ၄ လနဲ့ ၈ ရက်)မှာ သွင်းယူခဲ့တဲ့ မက်ဆီကို ကျော်ဖြတ်ပြီး အသက်အငယ်ဆုံးသွင်းယူနိုင်သူအဖြစ် အမ်ဘာပေ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။