close

ချန်ပီယံလိဂ်သွင်းဂိုး ၄၀ အသက်အငယ်ဆုံးသွင်းယူနိုင်သူ အမ်ဘာပေ ဖြစ်လာ

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ချန်ပီယံလိဂ်ဂိုး ၄၀ ကို အသက်အငယ်ဆုံးနဲ့ ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အမ်ဘာပေဟာ ဂျူဗင်တပ်စ်နဲ့ပွဲမှာ တဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ဂိုး ၄၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဂိုး ၄၀ ပြည့်ချိန်မှာတော့ သူဟာ  အသက် ၂၃ နှစ်၊ ၁၀ လ နဲ့ ၁၃ ရက် ရှိတာကြောင့် အသက်အငယ်ဆုံးနဲ့သွင်းယူနိုင်တဲ့   မှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။  

ဒီဂိုးအရေအတွက်ကို အသက် (၂၄ နှစ်၊ ၄ လနဲ့ ၈ ရက်)မှာ  သွင်းယူခဲ့တဲ့ မက်ဆီကို ကျော်ဖြတ်ပြီး အသက်အငယ်ဆုံးသွင်းယူနိုင်သူအဖြစ် အမ်ဘာပေ မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up