close

အသေဖမ်းမိ

close

January 23, 2023

ရန်ကုန် စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်နှင့် တပ်ကြပ် ၁ ဦးတို့ကို အသေဖမ်းမိ

ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးတယောက်နဲ့ တပ်ကြပ်ကြီးတယောက်ကို အသေဖမ်းဆီးမိပြီး လက်နက်တချို့လည်းရခဲ့တယ်လို့ ပဲခူးတိုင်း စစ်ဒေသခွဲက ဇန်နဝါရီ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရန်ကုန်၊ ပြည်လမ်း ၉ မိုင်ခွဲ North Point - Ocean စင်တာနားမှာရှိတဲ့ အမှတ်(၁) စစ်ဘက်​ရေးရာလုံခြုံ​ရေးအကူတပ် စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ကို ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာ ဇန်နဝါရီ ၂၂ ရက် မနေ့နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

သူတို့လိုက်ပါလာတဲ့ကား ထွက်ခွာလာတာကို သတင်းရလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပြီးနောက် ဖုန်းဆက်ပြီး ကားကိုရပ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ 

ကားရပ်တန့်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတုန်းမှာ အဲဒီဗိုလ်မှူးနဲ့ တပ်ကြပ်ကြီးက အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ပြန်ခုခံလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးခဲ့ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ဆီကနေ ၉ မမ ပစ္စတို ၂ လက်၊ ကျည် ၁၂ တောင့်၊ ကားလိုင်စင်နဲ့ စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပြီး ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောရေးတာဝန်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ်ဟာ  UG တော်လှန်ရေးရဲဘော်တွေကို အသွင်ယူစုံစမ်းဖမ်းဆီး စစ်ကြောရေးလုပ်နေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ အတူပါလာတဲ့ အမျိုးသား ၂ ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်လာတုန်းမှာ  လက်နက် လုယူထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာမှာ သူတို့ ၂ ယောက်လုံးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နဲ့ တပ်ခွဲ ၆ တို့ ပူးပေါင်းလုပ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

44 mins Ago

August 2, 2020

ရဲအရာရှိအား ပြန်ပေးဆွဲခဲ့သည့် အမျိုးသားကို ယူကရိန်းရဲ အသေဖမ်းမိ

အကြီးတန်း ရဲအရာရှိတယောက်ကို အရင်သီတင်းပတ်က ပြန်ပေးဆွဲသွားတဲ့ အမျိုးသားတယောက်ကို ယူကရိန်း အထူးရဲတပ်ဖွဲ့ဝင်တွေ  သြဂုတ် ၁ ရက်နေ့က အသေဖမ်းမိတယ်လို့ အစိုးရ အကြီးတန်းအရာရှိတယောက်က ပြောပါတယ်။ ယူကရိန်း အလယ်ပိုင်း ပိုလ်တာဗာမြို့က လူမနေတဲ့ အိမ်တလုံးမှာ ဓားစာခံအသစ် တစ်ယောက် ထပ်ဖမ်းချိန်မှာ ရိုမန် စကားပျန့်ခ်ကို ရဲအရာရှိတယောက်က တွေ့ခဲ့တာလို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောပါတယ်။ “သူက ဗုံးတလုံးနဲ့ ခြိမ်းခြောက်ပြီး ရဲတယောက်ကို ပြန်ပေးဆွဲခဲ့တယ်၊ ရာဇဝတ်သားကို အထူးရဲတပ်ဖွဲ့ဝင်တွေက ကောင်းကောင်း ချိန်ရွယ်ပစ်သတ်ခဲ့တယ်” လို့ ဒုဝန်ကြီးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။ ဗုံးပေါက်ချိန်မှာ ဓားစာခံဟာ ခုန်ထွက်ဖို့ အချိန်စက္ကန့် နည်းနည်းပဲ ရပေမယ့် ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီလူဟာ ဇူလိုင် ၂၃ ရက်ကလည်း ရဲအရာရှိတယောက်ကို ပြန်ပေးဆွဲအပြီး ကားကိုရော လူကိုပါ ပစ်ထားခဲ့ရင်း တောထဲ ဝင်ပြေးခဲ့ဖူးပါတယ်။  ဒီလ အစောပိုင်းကလည်း ယူကရိန်းမှာ လက်နက်ကိုင် အမျိုးသားတယောက်က ဘတ်စ်ကားပေါ်မှာ လူ ၁၃ ယောက်ကို ပြန်ပေးဆွဲခဲ့သေးတယ်လို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
2 years Ago
Up