close

အသံထက်မြန်ဒုံးကျည်

close

January 12, 2022

အသံထက်မြန်သည့် ဒုံးကျည် စမ်းသပ်မှု မြောက်ကိုရီးယားခေါင်းဆောင် ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုကို လေ့လာကြည့်ရှုခဲ့ပြီး စစ်တပ်ရဲ့ဗျူဟာမြောက် စစ်အင်အားကို တိုးမြှင့်ဖို့ ဆော်ဩခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ဇန်နဝါရီ ၁၂ရက်မှာ ကြေညာပါတယ်။

ဒါဟာ ကင်မ်အတွက် အချိန် ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာကို တရားဝင် တက်ရောက်တာပါ။

ဇန်နဝါရီ ၁၁ ရက်က တောင်ကိုရီးယားနဲ့ ဂျပန်က အာဏာပိုင်တွေဟာ သံသယဖြစ်ဖွယ် ပစ်လွှတ် စမ်းသပ်ချက်ကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာတဝန်း အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီပစ်လွှတ်စမ်းသပ်ချက်ဟာ တီထွင်ထားတဲ့ အသံထက်မြန်တဲ့ လက်နက်စနစ်ရဲ့ နည်းပညာဆိုင်ရာ သတ်မှတ်ချက်အားလုံးကို နောက်ဆုံး အပြီးသတ် အတည်ပြုဖို့ ရည်မှန်းထားတယ်လို့ KCNAက ပြောပါတယ်။

တောင်ကိုရီးယား အမေရိကန်တို့နဲ့ ဆွေးနွေးပွဲတွေ ရပ်နေချိန်မှာ ခေတ်မီနည်းပညာတွေနဲ့ စစ်တပ်ကိုမြှင့်တင်ဖို့ ကင်မ်က နှစ်သစ်ကူး ကတိပြုအပြီး သီတင်းပတ်တပတ် မကြာခင်မှာ အသံထက်မြန်တဲ့ ဒုံးကျည် ဒုတိယအကြိမ် ပစ်လွှတ်စမ်းသပ်ခဲ့တာပါ။

ဒါဟာ ကင်မ်က ဒုံးကျည်စမ်းသပ်ပွဲကို ၂၀၂၀ မတ်လမှာ နောက်ဆုံး တက်ရောက်အပြီး ပထမဆုံးအကြိမ် ဒုံးကျည် စမ်းသပ်ပွဲတက်ရောက်ခဲ့တာပါ။

4 mins Ago

October 5, 2021

ရုရှားက ရေငုပ်သင်္ဘောပေါ်မှ အသံထက်မြန်ဒုံးကျည် စမ်းသပ်ပစ်လွှတ်

ရုရှားဟာ ဇာကွန်လို့ နာမည်ပေးထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ကို ရေငုပ်သင်္ဘောပေါ်ကနေ ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။

ဒီလက်နက်ကို ပြိုင်ဘက်ကင်း လက်နက်စနစ်ရဲ့ မျိုးဆက်သစ် အစိတ်အပိုင်းလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ဇူလိုင်လက စစ်သင်္ဘောတစီးပေါ်ကနေ ဇာကွန် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ချိန်က ဘားရန့်ပင်လယ်ထဲမှာ တပ်ချထားတဲ့ ဆေဗေရော့ဒ်ဗင့်စ်ခ် ရေငုပ်သင်္ဘောဟာ ဒီဒုံးကျည် ပစ်လွှတ်ပြီး ရွေးချယ်ထားတဲ့ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီးဌာနက ဖြန့်ချိတဲ့ အရည်အသွေးနိမ့် ရုပ်သံထဲမှာ ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးကျည်တစီးကို ညဘက်မှာ ပစ်လွှတ်နေပုံကို မြင်ရပါတယ်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစီးကနေ ဇာကွန်ဒုံးကျည်ကို ပစ်လွှတ် စမ်းသပ်တာ အောင်မြင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အနောက်နိုင်ငံ ပညာရှင်တချို့ကတော့ ရုရှားရဲ့ လက်နက်မျိုးဆက်သစ် ဘယ်လောက် အဆင့်မြင့်လဲဆိုတာ မေးခွန်းထုတ်နေဆဲပါ။ အမြန်နှုန်း၊ အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း၊ အသံထက်မြန်တဲ့ ဒုံးကျည်ရဲ့ အမြင့်တို့ ပေါင်းလိုက်တဲ့အခါ ခြေရာကောက်ဖို့ရော ကြားဖြတ် ပစ်ချဖို့ပါ ခက်တယ်ဆိုတာကိုတော့ သူတို့က အသိအမှတ်ပြုကြပါတယ်။

ရုပ်သံက ပြထားတဲ့ အခြေအနေအရ ရုရှားရဲ့ အဆင့်မြင့် S500 မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်ရဲ့ အသေးစိတ်ကို စစ်ဆေးရ ပိုခက်အောင် ရုပ်သံကို တမင်သက်သက် မှုန်ဝါးနေအောင် လုပ်ထားတာ ဖြစ်ပုံရတယ်လို့ ရိုက်တာက သုံးသပ်ပါတယ်။

ပူတင်က ၂၀၁၈ မှာ အသံထက်မြန်တဲ့ လက်နက်အသစ်တွေအကြောင်းကို သူ့ရဲ့ မိန့်ခွန်းတရပ်မှာ ကြေညာရင်း အဲဒီလက်နက်တွေဟာ တကမ္ဘာလုံးက ဘယ်နေရာမဆို နေရာအားလုံးနီးပါးကို ထိမှန်အောင် ပစ်ခတ်နိုင်ပြီး အမေရိကန်က တည်ဆောက်ထားတဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်တယ်လို့ ပြောပါတယ်။

3 months Ago
Up