close

အသံထက်မြန်သည့် ဒုံးကျည် စမ်းသပ်မှု မြောက်ကိုရီးယားခေါင်းဆောင် ကြည့်ရှု

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အသံထက်မြန်တဲ့ဒုံးကျည် စမ်းသပ်မှုကို လေ့လာကြည့်ရှုခဲ့ပြီး စစ်တပ်ရဲ့ဗျူဟာမြောက် စစ်အင်အားကို တိုးမြှင့်ဖို့ ဆော်ဩခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNAက ဇန်နဝါရီ ၁၂ရက်မှာ ကြေညာပါတယ်။

ဒါဟာ ကင်မ်အတွက် အချိန် ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာကို တရားဝင် တက်ရောက်တာပါ။

ဇန်နဝါရီ ၁၁ ရက်က တောင်ကိုရီးယားနဲ့ ဂျပန်က အာဏာပိုင်တွေဟာ သံသယဖြစ်ဖွယ် ပစ်လွှတ် စမ်းသပ်ချက်ကို ထောက်လှမ်းတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာတဝန်း အာဏာပိုင်တွေက ပြစ်တင်ရှုတ်ချခဲ့ကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီပစ်လွှတ်စမ်းသပ်ချက်ဟာ တီထွင်ထားတဲ့ အသံထက်မြန်တဲ့ လက်နက်စနစ်ရဲ့ နည်းပညာဆိုင်ရာ သတ်မှတ်ချက်အားလုံးကို နောက်ဆုံး အပြီးသတ် အတည်ပြုဖို့ ရည်မှန်းထားတယ်လို့ KCNAက ပြောပါတယ်။

တောင်ကိုရီးယား အမေရိကန်တို့နဲ့ ဆွေးနွေးပွဲတွေ ရပ်နေချိန်မှာ ခေတ်မီနည်းပညာတွေနဲ့ စစ်တပ်ကိုမြှင့်တင်ဖို့ ကင်မ်က နှစ်သစ်ကူး ကတိပြုအပြီး သီတင်းပတ်တပတ် မကြာခင်မှာ အသံထက်မြန်တဲ့ ဒုံးကျည် ဒုတိယအကြိမ် ပစ်လွှတ်စမ်းသပ်ခဲ့တာပါ။

ဒါဟာ ကင်မ်က ဒုံးကျည်စမ်းသပ်ပွဲကို ၂၀၂၀ မတ်လမှာ နောက်ဆုံး တက်ရောက်အပြီး ပထမဆုံးအကြိမ် ဒုံးကျည် စမ်းသပ်ပွဲတက်ရောက်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up