close

အသွားအလာကန့်သတ်မှု

close

March 23, 2023

တိုက်ပွဲကြောင့် ကရင်နီဒေသ ဘောလခဲမှ အပြင်ထွက်မည့်လမ်းကြောင်းများပိတ်

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနဲ့ ဘောလခဲ-ရွာသစ်လမ်းမကြီးကို သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်သွားမယ်လို့  ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ် ( BPDF ) မနေ့ မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီလို ပိတ်လိုက်တဲ့အတွက် ဘောလခဲမြို့ကို အလုံပိတ်သလို ဖြစ်နေပြီး အစားအသောက် ပြတ်လပ်နေတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုဆို အလုံပိတ်ဖြစ်နေပြီ၊ လွိုင်ကော်လည်း သွားမရတော့ဘူး။ မော်ချီးဘက်လည်း သွားမရတော့ဘူး။ ဆိုင်တွေမှာလည်း ဘာမှမရှိတော့ဘူး။ အကုန်လုံးခက်ကုန်ပြီ။”

မတ် ၁၆ ရက်က ဘောလခဲမြို့နယ် ရေနီပေါက်ကျေးမှာ ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်၏စီတပ်ဖွဲ့ဝင်တွေ နေစဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ရေနီပေါက် အပါအဝင် အနီးအနားက ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အလားတူပဲ မတ်လဆန်းလောက်ကတည်းနေ ဒီကနေ့အထိ ဒီးမော့ဆို အရှေ့ခြမ်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ရက်ဆက်တိုက်ပွဲ‌တွေ ဖြစ်ပွားနေပါတယ်။

ဒေသခံအများစုကတော့ လုံခြုံမယ်လို့ထင်တဲ့နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ကြပြီး လူသောင်းချီ အစားအသောက်နဲ့ မိုးကာအရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

ဒီလို အလားတူ ဘောခဲမြို့နယ်က ပြည်သူတွေကလည်း အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

10 mins Ago

April 12, 2022

ရှန်ဟိုင်းက နေရာအချို့ကို အသွားအလာကန့်သတ်မှု ဖြေလျှော့

တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းက တချို့နေရာတွေကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားရာကနေ ဧပြီ ၁၁ ရက်မှာ စတင် ဖြေလျှော့ပေးလိုက်ပါတယ်။

အသစ်ကူးစက်ခံဦးရေ စံချိန်တင် မြင့်နေချိန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးခံဖို့ ဒေသခံတွေက လူတန်းရှည်ကြီးတွေနဲ့ တန်းစီစောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။

သီတင်း ၂ ပတ်အတွင်း ကူးစက်ခံမဟုတ်တဲ့ ရပ်ကွက်တွေကို သင့်တော်တဲ့ လှုပ်ရှားသွားလာခွင့်ပေးဖို့ ခြေလှမ်းတရပ်အနေနဲ့ ဘေးရှိတဲ့အဆင့် ၃ ဆင့်အတွင်း ရပ်ကွက်တွေကို အုပ်စုခွဲခဲ့တယ်လို့ မြို့အရာရှိ ဂူဟောင်ဟွေက ပြောပါတယ်။

လူဦးရေ ၂၅ သန်းရှိတဲ့ ဒေသခံတွေ ဘယ်နှယောက်လောက် အသွားအလာ ကန့်သတ်ချက်ကနေ လွတ်မြောက်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသွားအလာ ထိန်းချုပ်ကန့်သတ်ချက်ကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါး လုံလောက်အောင်ရှာဖို့ ရုန်းကန်နေရတဲ့ ဒေသခံတွေက စိတ်ပျက်လာကြလို့ အာဏာပိုင်တွေအတွက် ဖိအားတွေ တိုးလာနေပါတယ်။

တရုတ်ဟာ ကိုဗစ်ကပ်ဘေးကို ဖြေရှင်းရာမှာ တင်းကြပ်ထားပြီး ရောဂါလက္ခဏာမပြတဲ့ ကူးစက်ခံကို စမ်းသပ်တွေ့ရှိရင်တောင် ရောဂါခြေချုပ်နဲ့ ကန့်သတ်ထားဖို့ ညွှန်ကြားထားပါတယ်။ 

ရှန်ဟိုင်းမှာ ဧပြီ ၁၀ ရက် တရက်တည်းမှာ ရောဂါလက္ခဏာပြတဲ့ အသစ်ကူးစက်ခံ ဦးရေ ၂၅၁၇၃ ယောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

12 months Ago
Up