close

အသွားအလာပိတ်ဆို့မှု

close

February 15, 2022

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဟောင်ကောင် တမြို့လုံး အသွားအလာပိတ်ဆို့ကန့်သတ်

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု တိုက်ဖျက်ဖို့ ဟောင်ကောင်တမြို့လုံးကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ဖို့ ဟောင်ကောင် အကြီးအကဲကယ်ရီလမ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ အမိန့်ချလိုက်ပါတယ်။

ကူးစက်မှုများလာတဲ့ ကိစ္စဟာ လာမယ့်လမှာ ကျင်းပမယ့် ဟောင်ကောင်အကြီးအကဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရမယ့် ဖြစ်နိုင်ခြေကို မတားနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဟောင်ကောင်အကြီးအကဲအဖြစ် နောက်ထပ် ငါးနှစ်သက်တမ်းကို ဝင်ပြိုင်ဦးမလားဆိုတာကို ကယ်ရီလမ်က အတည်မပြုရသေးပါဘူး။

“ကူးစက်မှုအပေါ် ဟောင်ကောင် အစိုးရရဲ့ တုံ့ပြန်ချက်က ကျေနပ်စရာ မရှိခဲ့ဘူး။ ဆေးရုံတွေ ဆေးဘက် ဝန်ထမ်းတွေ မနိုင်မနင်း ဖြစ်နေတယ်”လို့ လမ်က ပြောပါတယ်။

နေ့စဉ် ကူးစက်နှုန်းက အရင်နှစ်ပတ်ကထက် အဆ ၂၀ တိုးလာနေပြီး အာဏာပိုင်တွေဟာ စမ်းသပ်ရေးနဲ့ ရောဂါခြေချုပ်ထားရေး လုပ်ပိုင်ခွင့်တွေကို မခွဲခြားနိုင်ဘူးလို့ လမ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် တရက်တည်းမှာ အသစ်ကူးစက်ခံ ဦးရေ ၂၀၇၁ ယောက်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ကနဦး စမ်းသပ်ချက်အရ ကူးစက်ခံဖြစ်နေသူ အယောက် ၄၅၀၀ ရှိနေသေးတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက အစီရင်ခံထားပါတယ်။

8 mins Ago

April 19, 2020

အစ္စရေးတွင် အသွားအလာပိတ်ဆို့မှု အဆင့်လိုက် ပြန်လျှော့

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကာကွယ်ရေးအတွက် အသွားအလာပိတ်ဆို့ လော့ဒေါင်းချထားတာကို ဧပြီ ၁၉ ရက်ကစလို့ အဆင့်လိုက် ပြန်လည်ဖြေလျှော့ပေးသွားမယ်လို့ ဝန်ကြီးချုပ် နက်တန်ရာဟုက ကြေညာလိုက်ပါတယ်။  အစ္စရေးမှာ မတ်လ ၁၄ ရက်နေ့ကစ လော့ဒေါင်းလုပ်ထားခဲ့ပြီး ရုံးတွေ၊  ကျောင်းတွေနဲ့ လူများစုကို အိမ်တွင်းအောင်းနေခိုင်းတာတွေ နေရာတချို့မှာ စခဲ့ပါတယ်။  ဒါပေမဲ့ တင်းကျပ်တဲ့ ပိတ်ဆို့မှုအစီအစဉ်တွေကြောင့် လုပ်ငန်းအများကြီး ပိတ်သိမ်းခဲ့ရပြီး အလုပ်လက်မဲ့နှုန်းကလည်း ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။  အစ္စရေးဟာ ကပ်ဘေးစတင်စဉ်ကတည်းက လူတွေကို နေအိမ်ကနေ မီတာ ၁၀၀ ကျော်အထိ လမ်းထွက်မလျှောက်ဖို့ ပိတ်ပင်ခဲ့တာပါ။  အခု စည်းမျဉ်းသစ်တွေအရ မီတာ ၁၀၀ ကန့်သတ်ချက်ကို မီတာ ၅၀၀ အထိ လျှော့ချပေးမယ်လို့ ဆိုပါတယ်။  အစ္စရေးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာဦးရေ ၁၃,၃၀၀ ရှိပြီး သေဆုံးသူကတော့ ၁၆၄ ဦး ရှိတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။
2 years Ago
Up