ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဟောင်ကောင် တမြို့လုံး အသွားအလာပိတ်ဆို့ကန့်သတ်

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု တိုက်ဖျက်ဖို့ ဟောင်ကောင်တမြို့လုံးကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ဖို့ ဟောင်ကောင် အကြီးအကဲကယ်ရီလမ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ အမိန့်ချလိုက်ပါတယ်။
ကူးစက်မှုများလာတဲ့ ကိစ္စဟာ လာမယ့်လမှာ ကျင်းပမယ့် ဟောင်ကောင်အကြီးအကဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရမယ့် ဖြစ်နိုင်ခြေကို မတားနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဟောင်ကောင်အကြီးအကဲအဖြစ် နောက်ထပ် ငါးနှစ်သက်တမ်းကို ဝင်ပြိုင်ဦးမလားဆိုတာကို ကယ်ရီလမ်က အတည်မပြုရသေးပါဘူး။
“ကူးစက်မှုအပေါ် ဟောင်ကောင် အစိုးရရဲ့ တုံ့ပြန်ချက်က ကျေနပ်စရာ မရှိခဲ့ဘူး။ ဆေးရုံတွေ ဆေးဘက် ဝန်ထမ်းတွေ မနိုင်မနင်း ဖြစ်နေတယ်”လို့ လမ်က ပြောပါတယ်။
နေ့စဉ် ကူးစက်နှုန်းက အရင်နှစ်ပတ်ကထက် အဆ ၂၀ တိုးလာနေပြီး အာဏာပိုင်တွေဟာ စမ်းသပ်ရေးနဲ့ ရောဂါခြေချုပ်ထားရေး လုပ်ပိုင်ခွင့်တွေကို မခွဲခြားနိုင်ဘူးလို့ လမ်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် တရက်တည်းမှာ အသစ်ကူးစက်ခံ ဦးရေ ၂၀၇၁ ယောက်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ကနဦး စမ်းသပ်ချက်အရ ကူးစက်ခံဖြစ်နေသူ အယောက် ၄၅၀၀ ရှိနေသေးတယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက အစီရင်ခံထားပါတယ်။