close

အာဂျန်ရော်ဘင်

close

January 22, 2023

ချဲလ်ဆီးကစားသမားသစ် မူဒရစ်ခ်ကို ဂျရတ်က အာဂျန်ရော်ဘင်နှင့် နှိုင်းယှဉ်ချီးကျူး

ချဲလ်ဆီးတိုက်စစ်ကစားသမားသစ် မူဒရစ်ခ်ကို လီဗာပူးနဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျရတ်က အာဂျန်ရော်ဘင်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

ယူကရိန်းကစားသမား မူဒရစ်ခ်ဟာ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ၃၅ မိနစ်လောက် လူစားလဲလှယ်ပြီပါဝင်ကစားခွင့်ရခဲ့တာပါ။

အဲဒီအချိန်မှာ လီဗာပူးနောက်ခံလူတွေဖြစ်တဲ့ ဂျိမ်းစ်မီလ်နာနဲ့ ဂိုမက်ဇ်ကို ကျော်ဖြတ်ပြီး မူဒရစ်ခ်က ဂိုးသွင်းခွင့်ရရှိခဲ့သေးတာပါ။

မူဒရစ်ရဲ့ ကစားပုံတချို့ဟာ ကစားသမားဟောင်း အာဂျန်ရော်ဘင်ကိုလည်း အမှတ်ရစေကြောင်း BT Sport ရဲ့ရုပ်သံအစီအစဉ်မှာ ဂျရတ်ကပြောပါတယ်။

ရော်ဘင်ဟာ ချဲလ်ဆီး၊ ရီးရဲလ်နဲ့ ဘိုင်ယန်မြူနစ်တွေမှာပြောင်းရွှေ့ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတောင်ပံ တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ် ကြပါတယ်။ ချဲလ်ဆီးပရိသတ်တစ်ဦးသာဖြစ်မယ်ဆိုရင် မူဒရစ်ရဲ့ စွမ်းဆောင်ရည်က စိတ်လှုပ်ရှား စရာကောင်းမှာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ရောက်ရှိလာတာဖြစ် ကြောင်း ဂျရတ်ကချီးကျူးခဲ့ပါတယ်။ 

3 mins Ago

June 28, 2020

အသင်းဟောင်းကို ကူညီရန် အာဂျန်ရော်ဘင် ဘောလုံးလောကသို့ ပြန်ဝင်

ကစားသမားဘဝ စတင်ရာ ဂရိုနင်ဂျန်အသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်ဘောလုံးလောကကို ပြန်လည်ဝင်ရောက်ခဲ့ပြီလို့ နယ်သာလန်လက်ရွေးစင်ဟောင်း အာဂျန်ရော်ဘင်က ထုတ်ပြန်ကြေညာပါတယ်။  တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကစားသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။  ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ် စတဲ့ နာမည်ကျော်ကလပ်တွေနဲ့အတူ တောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တဲ့  ရော်ဘင်ဟာ ဒီအသင်းတွေနဲ့အတူ ဆုဖလားပေါင်း ၂၀ ကျော်ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝ အစပြုခဲ့ရာ ဂရိုနင်ဂျန်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ရုန်းကန်နေရပြီး ဒီအခြေအနေမှာ အသင်းဟောင်းအတွက် အထောက်အကူဖြစ်စေဖို့ ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရော်ဘင်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံး လောကကို ပြန်လည်ဝင်ရောက်လာခဲ့တာပါ။ “ကျနော် အသက် ၁၂ နှစ်မှာ ဂရိုနင်ဂျန်အသင်းရဲ့ လူငယ်အကယ်ဒမီကိုရောက်ရှိခဲ့ပြီးတော့  ၁၆ နှစ်မှာ ဖီယင်နော့အသင်းနဲ့ ပွဲဦးထွက်ပွဲကို ကစားခွင့်ရရှိခဲ့ပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ကျနော်ဟာ PSV အိုင်ဟို့ဗင်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၁၈ နှစ်ကြာ ကျနော့်ရဲ့ စွန့်စားမှုခရီးစဉ်ကြီး ပြီးဆုံးချိန်မှာတော့ ကျနော်ဟာ ဒီအသင်းကို နောက်တစ်ခေါက် ထပ်မံရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အသင်းအတွက် လိုအပ်နေချိန်မှာ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ဒီအသင်းအတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာ စဉ်းစားပြီးချိန်မှာတော့ အိမ်ကိုပြန်လာဖို့ ကျနော် ဆုံးဖြတ်လိုက်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကျနော် ကလပ်ရဲ့တာဝန်ရှိသူတွေနဲ့  စကားပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ တခြားသောအရာတွေထက် ပရိသတ်တွေပြောတဲ့ ‘အာဂျန်ရေ မင်းနှလုံးသားရဲ့အမိန့်အတိုင်း လိုက်နာပါ’ ဆိုတဲ့စကားကို နားထောင်ခဲ့ပြီ ဖြစ်ပါတယ်” လို့ ဂရိုနင်ဂျန်အသင်းရဲ့ တွစ်တာမှာ တင်ထားတဲ့ဗီဒီယိုဖိုင်မှာ ရော်ဘင်က ရှင်းပြပြောဆိုထားပါတယ်။  ရော်ဘင်က သူ့ရဲ့လက်ရှိအနေအထားအရ အရင်လို ဘောလုံးကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိ၊ မရှိ မသေချာကြောင်း ဝန်ခံပြောဆိုခဲ့ပြီး အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခွင့်ရဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
3 years Ago
Up