close

ချဲလ်ဆီးကစားသမားသစ် မူဒရစ်ခ်ကို ဂျရတ်က အာဂျန်ရော်ဘင်နှင့် နှိုင်းယှဉ်ချီးကျူး

ချဲလ်ဆီးတိုက်စစ်ကစားသမားသစ် မူဒရစ်ခ်ကို လီဗာပူးနဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျရတ်က အာဂျန်ရော်ဘင်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

ယူကရိန်းကစားသမား မူဒရစ်ခ်ဟာ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ၃၅ မိနစ်လောက် လူစားလဲလှယ်ပြီပါဝင်ကစားခွင့်ရခဲ့တာပါ။

အဲဒီအချိန်မှာ လီဗာပူးနောက်ခံလူတွေဖြစ်တဲ့ ဂျိမ်းစ်မီလ်နာနဲ့ ဂိုမက်ဇ်ကို ကျော်ဖြတ်ပြီး မူဒရစ်ခ်က ဂိုးသွင်းခွင့်ရရှိခဲ့သေးတာပါ။

မူဒရစ်ရဲ့ ကစားပုံတချို့ဟာ ကစားသမားဟောင်း အာဂျန်ရော်ဘင်ကိုလည်း အမှတ်ရစေကြောင်း BT Sport ရဲ့ရုပ်သံအစီအစဉ်မှာ ဂျရတ်ကပြောပါတယ်။

ရော်ဘင်ဟာ ချဲလ်ဆီး၊ ရီးရဲလ်နဲ့ ဘိုင်ယန်မြူနစ်တွေမှာပြောင်းရွှေ့ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတောင်ပံ တိုက်စစ်မှူးတစ်ဦးအဖြစ် သတ်မှတ် ကြပါတယ်။ ချဲလ်ဆီးပရိသတ်တစ်ဦးသာဖြစ်မယ်ဆိုရင် မူဒရစ်ရဲ့ စွမ်းဆောင်ရည်က စိတ်လှုပ်ရှား စရာကောင်းမှာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦး ရောက်ရှိလာတာဖြစ် ကြောင်း ဂျရတ်ကချီးကျူးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up