close

အာဏာပိုင်

close

December 6, 2022

အီရန်အမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ အာဏာပိုင်များကို ဖိအားပေးရန် ၃ ရက် သပိတ်မှောက်မည်

အီရန်အမျိုးသမီး မာရှာအာမာနီကို အီရန်ကျင့်ဝတ်ထိန်းသိမ်းရေးရဲတွေက ဖမ်းဆီးထိန်းသိမ်း ထားချိန်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေဟာ အီရန်အာဏာပိုင်တွေကို တုန်လှုပ်ချောက်ခြားစေခဲ့ပါတယ်။ 

ဒီဆန္ဒပြပွဲတွေဟာ ၁၉၇၉ ခုနှစ်၊ တော်လှန်ရေးနောက်ပိုင်း အစ္စလာမ်မစ်သမ္မတနိုင်ငံအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှု တွေထဲက တခုပါ။ 

ဒီအမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခဲ့တဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေဟာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို တားဆီးပိတ်ပင်နိုင်ခဲ့ပြီလို့ အစိုးရ ရှေ့နေ့က ပြောဆိုခဲ့တာကြောင့် အာဏာပိုင်တွေကို ဖိအားပေးနိုင်ဖို့ နောက်တဆင့်အနေနဲ့ ဒီအပတ်ထဲမှာ သုံးရက်ကြာ သပိတ်မှောက်ဖို့ ဆန္ဒပြည်သူတွေက ဒီဇင်ဘာလ ၄ ရက်မှာ ဆော်သြခဲ့ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှာပါဝင်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပြီးနောက် မြို့ အများအပြားက ဆိုင်တွေဟာလည်း ဒီဇင်ဘာ ၅ ရက်မှာ ဆိုင်တံခါးပိတ်ပြီး သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။ 

ဟီဂျပ်ဝတ်ဆင်မှုစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကြောင့် အသက် ၂၂နှစ်အရွယ် အာမာနီ သေဆုံးပြီးကတည်းကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း  ရာနဲ့ချီတဲ့ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။ 

7 mins Ago

March 19, 2020

အီရတ်မြို့တော် ဘဂ္ဂဒက်တွင်  ကိုရိုနာဗိုင်းရပ်စ်ကြောင့် ညမထွက်ရအမိန့်ထုတ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မှာ မတ်လ ၁၈ ရက်စလို့  မတ်လ ၂၄ ရက်အထိ အာဏာပိုင်တွေက ညမထွက်ရ အမိန့်ကိုထုတ်ပြန်လိုက်ပါတယ်။ အီရတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၄- ဦး ရှိပြီး သေဆုံးသူ ၁၁ ဦး ရှိနေပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူအရေအတွက် လျှော့ချတဲ့အနေနဲ့ အရေးပေါ်ကိစ္စ၊ ကုန်သွယ်ရေးနဲ့ အလုပ်ကိစ္စကလွဲရင် မတ်လ ၁၅ ရက်ကနေ ၂၅ ရက်အထိ ပြည်နယ်ချင်း ခရီးသွားလာတာကို ကန့်သတ်ထားပါတယ်။  ဒါ့အပြင် ဂျာမနီနဲ့ ကာတာအပါအဝင် နိုင်ငံ ၁၃ နိုင်ငံက ခရီးသွားတွေ လာရောက်တာကို အစိုးရက  တားမြစ်ထားသလို ဘာသာရေးဆိုင်ရာ စုဝေးပွဲကြီးတွေကိုလည်း ဖျက်သိမ်းထားပါတယ်။ ဒါ့အပြင် အများပြည်သူ စုဝေးပွဲမှန်သမျှကို တားမြစ်ထားပြီး ဘာသာရေး အထွတ်အမြတ်နေရာတွေဆီ မသွားရောက်ဖို့ကိုလည်း အီရတ်ပြည်သူတွေကို တိုက်တွန်းထားပါတယ်။   အီရန် ၊ တရုတ် ၊ တောင်ကိုရီးယားအပါအဝင် နိုင်ငံ ၉ နိုင်ငံက လာရောက်သူ အားလုံးကို ၁၄ ရက်တာ  အိမ်မှာ သီးခြားစောင့်ကြည့်ဖို့လည်း အီရတ်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
3 years Ago
Up