close

အာနိုးလ်

close

March 17, 2023

အာနိုးလ်အပေါ် ဝေဖန်မှုများ မျှတမှုမရှိဟု အသင်းဖော်ရော်ဘတ်ဆန်ပြော

လီဗာပူးအသင်းဖော် အလက်ဇန္ဒားအာနိုးလ် အပေါ်ဝေဖန်မှုတွေဟာ မျှတမှုမရှိကြောင်း နောက်ခံလူ ရော်ဘတ်ဆန်ကကာ ကာကွယ်ပြောသွားပါတယ်။

ညာနောက်ခံလူအာနိုးလ်ဟာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် နှစ်ကျော့က စွမ်းဆောင်ရည်အပေါ် ဝေဖန်ခံခဲ့ရသလို  အခုနှစ်တွေအတွင်းမှာ သူ့ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေများပြားလာခဲ့ပါတယ်။

အသင်းဖော် ရော်ဘတ်ဆန်ကတော့ နောက်ခံအစွန်ကစားသမားတိုင်းက ပြိုင်ဘက် တောင်ပံတိုက်စစ်မှူးတွေရဲ့ ကျော်ဖြတ်တာခံရဖူးသူတွေချည်းသာဖြစ်ပြီး အာနိုးလ်အပေါ်မှာတော့ တခြားသူတွေထက်ပိုပြီး အပြစ်ပြောတာခံရကြောင်း ပြောသွားခဲ့တာပါ။

ဝေဖန်သူတွေဟာလည်း အင်္ဂလိပ်ကစားသမားတွေကို အချိန်တိုအတွင်းမှာ အမွှန်းတင်လိုက်၊ ပြန်လည်ဆွဲချ လိုက်လုပ်နေကြပြီး အာနိုးလ်ဟာ မယုံကြည်နိုင်စရာကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ရော်ဘတ်ဆန်က ထောက်ခံအားပေးစကားဆိုသွားခဲ့ပါတယ်။ 

5 mins Ago

November 20, 2022

လူအများစုက အမှားတွေကိုပဲ လိုက်ထောက်နေဟု အင်္ဂလန် နောက်ခံလူ အာနိုးလ်တုံ့ပြန်

လူအများစုက အမှားတွေကိုပဲ လိုက်ထောက်နေကြောင်း အင်္ဂလန်နောက်ခံလူ အာနိုးလ်က ပြောပါ တယ်။

လီဗာပူးညာနောက်ခံလူဟာ ခံစစ်စွမ်းဆောင်ရည်မှာ အမှားများနေလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရတာပါ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူအများစုက သူ့ရဲ့အမှားတွေကိုသာ လိုက်ထောက်နေပြီး ကောင်းမွန်တဲ့အရာတွေကိုတော့  မေ့လျော့နေကြောင်း အာနိုးလ်ကပြန်လည်တုံ့ပြန်ခဲ့တာပါ။

ခံစစ်စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ တိုးတက်ဖို့လိုအပ်နေတာတွေရှိတယ်ဆိုတာ သိရှိကြောင်း၊  ကောင်းမွန်တဲ့ ဖျက်ထုတ်မှုတွေကိုတော့ ချီးကျူးဖို့ မေ့လျော့နေကြပြီး အမှားတွေကိုပဲ လိုက်ထောက်နေကြတာ ဖြစ်ကြောင်း အာနိုးလ်ကပြောပါတယ်။

အာနိုးလ်ဟာ အင်္ဂလန်အတွက် ၁၇ ပွဲကစားပေးထားပြီး သူ့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည် အားနည်းချက်တွေကြောင့် ကမ္ဘာ့ဖလားမှာ  ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးလို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

4 months Ago
Up