လူအများစုက အမှားတွေကိုပဲ လိုက်ထောက်နေဟု အင်္ဂလန် နောက်ခံလူ အာနိုးလ်တုံ့ပြန်

လူအများစုက အမှားတွေကိုပဲ လိုက်ထောက်နေကြောင်း အင်္ဂလန်နောက်ခံလူ အာနိုးလ်က ပြောပါ တယ်။
လီဗာပူးညာနောက်ခံလူဟာ ခံစစ်စွမ်းဆောင်ရည်မှာ အမှားများနေလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရတာပါ။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လူအများစုက သူ့ရဲ့အမှားတွေကိုသာ လိုက်ထောက်နေပြီး ကောင်းမွန်တဲ့အရာတွေကိုတော့ မေ့လျော့နေကြောင်း အာနိုးလ်ကပြန်လည်တုံ့ပြန်ခဲ့တာပါ။
ခံစစ်စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ တိုးတက်ဖို့လိုအပ်နေတာတွေရှိတယ်ဆိုတာ သိရှိကြောင်း၊ ကောင်းမွန်တဲ့ ဖျက်ထုတ်မှုတွေကိုတော့ ချီးကျူးဖို့ မေ့လျော့နေကြပြီး အမှားတွေကိုပဲ လိုက်ထောက်နေကြတာ ဖြစ်ကြောင်း အာနိုးလ်ကပြောပါတယ်။
အာနိုးလ်ဟာ အင်္ဂလန်အတွက် ၁၇ ပွဲကစားပေးထားပြီး သူ့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည် အားနည်းချက်တွေကြောင့် ကမ္ဘာ့ဖလားမှာ ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးလို့ ခန့်မှန်းသုံးသပ်ကြပါတယ်။