မန်ယူအသင်းဟာ ဘိုလော့ညာတိုက်စစ်မှူး အာနူတိုဗစ်ကို ခေါ်ယူဖို့ကမ်းလှမ်းခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ သြစတြီးယားတိုက်စစ်မှူးအတွက် မန်ယူအသင်းက ယူရို ၉ သန်း နဲ့ ကမ်းလှမ်းခဲ့ပြီး ဘိုလော့ညာဘက်က ပယ်ချခဲ့ကြောင်း စကိုင်းအီတလီသတင်းမှာ ဖော်ပြပါတယ်။
အာနူတိုဗစ်ဟာ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ စတုတ်စီးတီးနဲ့ ဝက်စ်ဟမ်းအသင်းတွေမှာ ပွဲပေါင်း၂၀၀ ကျော်ကစားပြီး ၄၈ ဂိုး သွင်းယူခဲ့ဖူးပါတယ်။
၂၀၁၉ ခုနှစ်မှာ ဝက်စ်ဟမ်းကနေ တရုတ်ကလပ် ရှန်ဟိုင်းပေါ့သ် အသင်းမှာပြောင်းရွှေ့ကစားခဲ့ပြီး မနှစ်က အီတလီကလပ် ဘိုလော့ညာကို ပြောင်းရွှေ့ ကစားခဲ့သူပါ။
မနှစ်က ၃၄ ပွဲမှာ ၁၅ ဂိုးသွင်းခဲ့တဲ့ အာနူတိုဗစ် အပြောင်းအရွှေ့အပေါ် နည်းပြ တန်ဟတ်ဂ်က ဖြေကြားဖို့ ငြင်းဆန်ခဲ့ပေမယ့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ကြောင်း ပြောပါတယ်။ မန်ယူအသင်းဟာ စီရော်နယ်ဒိုကို လက်လွှတ်ခဲ့ရမယ်ဆိုရင်တော့ အထောင်တိုက်စစ်မှူးသစ် သေချာပေါက် ခေါ်ယူဖို့ ရှိပါတယ်။
ယူရို ၂၀၂၀ ပြိုင်ပွဲ မြောက်မက်ဆီဒိုးနီးယားနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပြီးနောက် ပြိုင်ဘက်ကစားသမားကို ဆဲဆို ခဲ့တဲ့ သြစတြီးယားတိုက်စစ်မှူး အာနူတိုဗစ်ကို ယူအီးအက်ဖ်အေက တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ ပါတယ်။
အာနူတိုဗစ်ရဲ့ ဖခင်ဟာ ဆားဘီးယားလူမျိုးဖြစ်ပြီး အယ်လ်ဘေးနီးယားဖွား ကစားသမား ဖြစ်သူ အယ်လီယိုစကီကို အာနူတိုဗစ်က ဆဲဆိုခဲ့တာပါ။
ယူအီးအက်ဖ်အေရဲ့ အရေးယူမှုမှာတော့ လူမျိုးရေး ခွဲခြားတာမျိုးကြောင့်မဟုတ်ဘဲ ပြိုင်ဘက်ကစားသမားကို စော်ကားခဲ့တဲ့ လုပ်ရပ်အပေါ်မှာပဲ အရေးယူခဲ့တာပါ။
ဒါပေမဲ့လည်း အာနူတိုဗစ်ကို ဆက်လက်စစ်ဆေးတာတွေ ပြုလုပ်မှာဖြစ်ပြီး ပြစ်မှု ထင်ရှားခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ ထုတ်ပယ်တဲ့အထိ အရေးယူနိုင်တယ်လို့ သိရပါတယ်။
အယ်လ်ဘေးနီးယားနဲ့ကိုဆိုဗိုနိုင်ငံတွေဟာ ၁၉၉၈ခုနှစ်က ဆားဘီးယား နဲ့ မွန်တီနီဂရိုး နိုင်ငံတွေနဲ့ စစ်ဖြစ်ပွားခဲ့ပြီး ခွဲထွက်ခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ပါတယ်။