close

အာဖဂန်နယ်စပ်

close

November 8, 2021

အာဖဂန်နယ်စပ်တွင် ပါကစ္စတန်စစ်တပ် အခမဲ့ဆေးခန်းဖွင့်

ပါကစ္စတန်စစ်တပ်ဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်စပ်မှာ လိုအပ်သူတွေကို ကူညီဖို့ အခမဲ့ ဆေးကုစခန်းကို နိုဝင်ဘာ ၆ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ချာမန်နယ်စပ်မှာ ဖွင့်ထားတဲ့ ဆေးခန်းဝန်ထမ်းတွေက သာမန် အအေးမိ၊ အဖျား၊ ခါးနာ ဒူးနာ လို အသေးစား ဝေဒနာတွေ ခံစားနေရတဲ့ လူအယောက် ၃၀၀ ကို အခမဲ့ စစ်ဆေးပြီး ဆေးဝါးတွေ ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။

အရင်ကအတိုင်း တလကို ဆေးခန်း ၂ ကြိမ် ၃ ကြိမ် ဖွင့်ပေးမယ်လို့ စစ်တပ်က ပြောပါတယ်။

လုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် ပါကစ္စတန်ဘက်က တလကြာ ပိတ်ထားတဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား ဒုတိယအကြီးဆုံး နယ်စပ်ဖြတ်ကူးရေး စခန်းကို ၂ နိုင်ငံ အစိုးရတွေ ဆွေးနွေးအပြီး နိုဝင်ဘာ  ၂ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကနေ အာဖဂန်ခရီးသွား လက်မှတ်တွေ အကျုံးဝင်မှု ရှိ၊မရှိတဲ့ ကိစ္စရပ် တွေအတွက် အငြင်းပွားနေလို့ ချာမန် နယ်စပ်ဖြတ်ကူးရေးစခန်း ပြန်ဖွင့်ဖို့ အဟန့်အတား ဖြစ်နေခဲ့တာပါ။

ဒါကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ကုန်ကားသမားတွေနဲ့ လယ်သမားတွေ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ 

12 mins Ago

August 6, 2021

ရုရှားဦးဆောင်သည့် ၃ နိုင်ငံ ပူးပေါင်းတပ်ဖွဲ့များ အာဖဂန်နယ်စပ်၌ စစ်ရေးလေ့ကျင့်

ရုရှား၊ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်စပ်နားက တာဂျစ်ကစ္စတန်နယ်မြေ ခက်လုံဒေသထဲမှာ ၃ ပွင့်ဆိုင် စစ်ရေးလေ့ကျင့်နေပါတယ်။

စစ်သုံးလက်နက်ကြီး အလက် ၄၂၀ နဲ့ ရုရှားစစ်သည် ၁၈၀၀ ဟာ ခါ့ဘ်မိုင်ဒွန်သင်တန်း လေ့ကျင့်ရေး ကွင်းထဲမှာ စစ်ရေး လေ့ကျင့်နေတာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်ရာမှာ သံချပ်ကာယာဉ် အစီးရေ ၃၀၀ ကျော်၊ တိုက်ခိုက်ရေးနဲ့ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် ၂၅ စီး၊ အရေအတွက် မဖော်ပြတဲ့ အမြောက်တွေ တိုက်လေယာဉ်တွေနဲ့ ဂျက်လေယာဉ်တွေလည်းပါဝင် လေ့ကျင့်မယ်လို့ တာဂျစ်ကစ္စတန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆို ပါတယ်။

ရုရှားဟာ ဒီသီတင်းပတ်ထဲမှာပဲ အာဖဂန်နစ္စတန်နဲ့ နယ်စပ်က ဆိုဗီယက်ပြည်ထောင်စု ကနေ ခွဲထွက်သွားတဲ့ ဥဇဘက်ကစ္စတန်နဲ့ စစ်ရေး လေ့ကျင့်နေပါသေးတယ်။

ဥဇဘက်နဲ့ပူးတွဲ စစ်ရေးလေ့ကျင့်ရာမှာ ဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၄ စီး ပါဝင်မယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း အမေရိကန်ဦးဆောင်တဲ့ တပ်တွေ ပြန်စ ဆုတ်ခွာနေပြီး စက်တင်ဘာမှာ အပြီးသတ်ဆုတ်ခွာဖို့ ပြင်ဆင်နေတည်းက နိုင်ငံတွင်း လုံခြုံရေးအခြေအနေက အမြန် ပိုဆိုးလာနေတာပါ။

တာလီဘန် သူပုန်တွေက ထိုးစစ်ဆင်ရင်း နယ်မြေတွေကို သိသိသာသာ သိမ်းပိုက်နိုင် နေပါတယ်။ ဒီဖြစ်ရပ်ကြောင့် တောင်ပိုင်းခံစစ် မတည်မငြိမ်ဖြစ်ပြီး ဒုက္ခသည်တွေ အလယ်အာရှ ဒေသထဲကို ဝင်လာမှာကို ရုရှားအစိုးရက စိုးရိမ်နေပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ ဥဇဘက်ကစ္စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတွေဆီကို ရုရှားက လက်နက်နဲ့ စစ်ဖက်သုံး ယန္တရားကြီးတွေကို တိုးမြှင့် ထောက်ပံ့ နေတယ်လို့ ရုရှားစစ်ဦးစီးအရာရှိချုပ် ဗလေရီဂျေရာစီမော့ဗ်ကို ကိုးကားပြီး အင်တာဖက်စ်သတင်းဌာနက ဖော်ပြပါတယ်။

3 months Ago
Up