အာဖဂန်နယ်စပ်တွင် ပါကစ္စတန်စစ်တပ် အခမဲ့ဆေးခန်းဖွင့်

ပါကစ္စတန်စစ်တပ်ဟာ အာဖဂန်နစ္စတန်နိုင်ငံနဲ့ နယ်စပ်မှာ လိုအပ်သူတွေကို ကူညီဖို့ အခမဲ့ ဆေးကုစခန်းကို နိုဝင်ဘာ ၆ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
ချာမန်နယ်စပ်မှာ ဖွင့်ထားတဲ့ ဆေးခန်းဝန်ထမ်းတွေက သာမန် အအေးမိ၊ အဖျား၊ ခါးနာ ဒူးနာ လို အသေးစား ဝေဒနာတွေ ခံစားနေရတဲ့ လူအယောက် ၃၀၀ ကို အခမဲ့ စစ်ဆေးပြီး ဆေးဝါးတွေ ကူညီပေးခဲ့တယ်လို့ ပြောပါတယ်။
အရင်ကအတိုင်း တလကို ဆေးခန်း ၂ ကြိမ် ၃ ကြိမ် ဖွင့်ပေးမယ်လို့ စစ်တပ်က ပြောပါတယ်။
လုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် ပါကစ္စတန်ဘက်က တလကြာ ပိတ်ထားတဲ့ အိမ်နီးချင်း ၂ နိုင်ငံကြား ဒုတိယအကြီးဆုံး နယ်စပ်ဖြတ်ကူးရေး စခန်းကို ၂ နိုင်ငံ အစိုးရတွေ ဆွေးနွေးအပြီး နိုဝင်ဘာ ၂ ရက်မှာ ပြန်ဖွင့်ပေးခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါကနေ အာဖဂန်ခရီးသွား လက်မှတ်တွေ အကျုံးဝင်မှု ရှိ၊မရှိတဲ့ ကိစ္စရပ် တွေအတွက် အငြင်းပွားနေလို့ ချာမန် နယ်စပ်ဖြတ်ကူးရေးစခန်း ပြန်ဖွင့်ဖို့ အဟန့်အတား ဖြစ်နေခဲ့တာပါ။
ဒါကြောင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ကုန်ကားသမားတွေနဲ့ လယ်သမားတွေ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။