close

အာဖရိကဝက်တုပ်ကွေးရောဂါပိုး

close

January 12, 2022

အာဖရိကဝက်တုပ်ကွေးရောဂါဖြစ်ပွားနေကြောင်း ထိုင်းအစိုးရအတည်ပြု

ထိုင်းနိုင်ငံမှာ ဝက်တွေအမြောက်အမြားသေဆုံးနေတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ အာဖရိကဝက်တုပ်ကွေး ASF ကြောင့်လို့ ပြောဆိုနေတာ ကြာပြီဖြစ်ပေမယ့်  သက်ဆိုင်ရာကတော့ ဇန်နဝါရီ ၁၁ ရက်ကမှ ပိုးတွေ့ကြောင်း တရားဝင် အတည်ပြု ထုတ်ပြန်ကြေညာပါတယ်။ 

ဝက်တွေသေဆုံးရတဲ့အပေါ် တိရစ္ဆာန်မွေးမြူရေးဦးစီးဌာနအနေနဲ့ အချိန်ကာလတစ်ခုယူပြီး စမ်းသပ်စစ်ဆေးခဲ့ကြောင်း၊ ဝက်မွေးမြူရေးခြံပေါင်း ၁၀ နေရာက နမူနာစ ၃၀၅ ခု နဲ့ သား သတ်ရုံပေါင်း ၂ ခုက နမူနာစ ၄ ခု စုစုပေါင်း ၃၀၉ ခု ဓာတ်ခွဲစစ်ဆေးရာမှာ ASF အာဖရိကဝက်တုတ်ကွေးရောဂါပိုး Positive  နမူနာ ၁ ခု တွေ့ကြောင်း၊ အဆိုပါနမူနာဟာ နခွန်းပထုံမြို့နယ် သားသတ်ရုံတစ်ခုကဖြစ်တယ်လို့ ထိုင်းနိုင်ငံတိရိစ္ဆာန်မွေးမြူရေးဦးစီးဌာန ညွှန်ကြားရေးမှူးလည်းဖြစ် ၊ ASF နဲ့ တိရစ္ဆာန်ကူးစက်ရောဂါ သုတေသနအဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့ တိမွေး ကုဆရာဝန်ဒေါက်တာ ဆရဝစ်ထာနိတိုးက မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒါကြောင့် ရောဂါပိုးနှိမ်နင်းကာကွယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီး အဆိုပါသားသတ်ရုံဧရိယာကိုလည်း  ထိန်းချုပ်နယ်မြေသတ်မှတ်ကာ မြို့နယ်ထဲက ဝက်တွေ ကို ၅ ကီလိုမီတာထက်ကျော်လွန်ပြီးတော့ ရွေ့လျားသယ်ဆောင်ခွင့်မပြုဘူးလို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ ASF ရောဂါပိုးဟာ ဝက်တွေမှာပဲ ကူးစက်ပြီး လူနဲ့တခြားတိရစ္ဆာန်ဆီ ကူးစက်မှုမရှိကြောင်း၊ စားသုံးသူတွေအနေနဲ့တော့ ဝက်သားကို အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ထက်ပိုပေးပြီးမှ စားသင့်တယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီဖြစ်တဲ့ Move Forward Party နဲ့ Pheu Thai Party တို့ကတော့ ဝက်တွေအမြောက်အမြားသေဆုံးခဲ့တာကို နမူနာ  ၁ ခုဘဲ ကူးစက်တဲ့အပေါ် အယုံ အကြည်မရှိကြောင်း၊ ဝက်ကူးစက်ရောဂါပြဿနာဖြစ်နေတာဟာ မနှစ်ဧပြီလကတည်းကဖြစ်ပြီး ထိုင်း အိမ်နီးချင်းနိုင်ငံတွေမှာလည်း ပြန့်ပွါးနေတာကို စစ်ဆေးကာကွယ်မှုမပြုဘဲ လျစ်လျူရှုခဲ့တာလို့ ဝေဖန်ပြောပါတယ်။

အောက်ခြေအဖွဲ့အစည်းရဲ့ တင်ပြချက်ကို အရေးတယူမဆောင်ရွက်တာ၊ သတင်းမှန်ကိုထိန်ချန်ထားတာ၊ ဝက်သားဈေးတက်လို့ တခြားကုန်ပစ္စည်းတွေပါ ဈေးလိုက်တက်နေတာ ပြည်သူ့အခက်အခဲကို မျက်ကွယ်ပြုနေတာတွေအတွက် အစိုးရမှာ တာဝန်ရှိပြီး အရေးယူပေးဖို့ အဂတိလိုက်စားမှုနှိမ်နင်းရေးဌာနကိုတိုင်ကြားမယ့်အကြောင်း၊   တိရစ္ဆာန်မွေးမြူရေး ဌာနအနေနဲ့ တိရစ္ဆာန်ကူးစက်ပိုးနှိမ်နင်းရေး ရန်ပုံငွေရသုံးစာရင်းတွေ ပွင့်လင်းမြင်သာချပြဖို့ ပါတီပြောခွင့်ရတွေက  မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ထိုင်းအစိုးရအနေနဲ့ ASF ဝက်ကူးစက်ရောဂါနှိမ်နင်းရေး၊ ကာကွယ်ထိန်းချုပ်ရေးနဲ့ နစ်နာ ဆုံးရှုံးမှုတွေအပေါ်ထောက်ပံ့ဖို့ ဝန်ကြီးချုပ်လမ်းညွှန်ချက်နဲ့  ရန်ပုံငွေ ဘတ်သန်းပေါင်း ၅၇၄ ဘတ် ခွင့်ပြုကြောင်း အစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ နိုင်းထနကွန်း ဘန်းကွန်းခုန်းခနက  ပြောပါတယ်။ 

မနှစ် မတ်လ ၂၃ မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ ဝက်ကူးစက်ရောဂါမပြန့်ပွါးရေးအတွက် ခရိုင်ပေါင်း ၅၀ က ဝက်အကောင်ရေပေါင်း ၁၅၉၄၅၃ ကောင်ကို သုတ်သင်ခဲ့ကြောင်း ၊ နစ်နာကြေး မရသေးတဲ့ ပိုင်ရှင်ပေါင်း ၄၉၄၁ ဦးရှိကြောင်း အစိုးရကထုတ်ပြန်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ဝက်သားကို အသွင်အမျိုးမျိုးထုတ်လုပ်တင်ပို့ရောင်းချပြီး ပြည်သူတွေကလည်း တွင်ကျယ်စွာစားသုံးတဲ့အတွက် ဝက်ဈေးတက်တာ ၊ တခြား ကြက်၊ ဘဲနဲ့ မွေးမြူရေး ထုတ်ကုန်ပစ္စည်းတွေလည်း ဈေးလိုက်တက်နေတာဟာ  ပြဿနာကြီးတစ်ခုဖြစ်နေတာပါ။

Ref: Thairath

29 mins Ago

September 17, 2019

တောင်ကိုရီးယားတွင် အာဖရိကဝက်တုပ်ကွေးရောဂါပိုး ပထမဆုံး တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ ပါဂျူမြို့က ဝက်မွေးမြူရေးခြံမှာ အာဖရိက ဝက်တုပ်ကွေးရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့ပြီးနောက် တနိုင်ငံလုံးမှာ ဝက်တုပ်ကွေးရောဂါ သတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်လိုက်တယ်လို့ တောင်ကိုရီးယား စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။ ပါဂျူမြို့ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်နားမှာ တည်ရှိပါတယ်။  မေလနှောင်းပိုင်းက အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး လေးလနီးပါးအကြာမှာပဲ တောင်ကိုရီးယားမှာလည်း အဲဒီ ရောဂါပိုး တွေ့ရပါတယ်။ ရောဂါပြန့်ပွားမှု တားမြစ်ဖို့ ဝက်အကောင်ရေ ၄၀၀၀ လောက်ကို သုတ်သင် ရှင်းလင်းသွားမယ်လို့ တောင်ကိုရီးယား စိုက်ပျိုးမွေးမြူရေး ဝန်ကြီး ကင်မ်ယွန်ဆိုက အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အာဖရိက ဝက်တုပ်ကွေးရောဂါဟာ ကူးစက်မှုနှုန်း မြန်ပြီး ရောဂါကူးစက်ခံရတဲ့ တိရစ္ဆာန်တွေ သေဆုံးတဲ့အထိ ပြင်းထန်ပေမယ့် လူတွေကိုတော့ မကူးစက်နိုင်ပါဘူး။  ဒါ့အပြင် လက်ရှိအချိန်ထိ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အဲဒီရောဂါဟာ ဝက်တွေနဲ့ တောရိုင်းဝက်ဝံတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး မွှားကိုက်တာ၊ တိရစ္ဆာန်ချင်း တိုက်ရိုက်ထိတွေ့တာတွေကနေ ကူးစက်လေ့ ရှိပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေတာင္ကိုရီးယားတြင္ အာဖရိကဝက္တုပ္ေကြးေရာဂါပိုး ပထမဆုံး ေတြ႕ရွိ ေတာင္ကိုရီးယားႏိုင္ငံ ပါဂ်ဴၿမိဳ႕က ဝက္ေမြးျမဴေရးၿခံမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါပိုး ပထမဆုံး ေတြ႕ရွိခဲ့ၿပီးေနာက္ တႏိုင္ငံလုံးမွာ ဝက္တုပ္ေကြးေရာဂါ သတိေပးခ်က္ အျမင့္ဆုံးအဆင့္ ထုတ္ျပန္လိုက္တယ္လို႔ ေတာင္ကိုရီးယား စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီးဌာနက စက္တင္ဘာ ၁၇ ရက္ေန႔မွာ ေျပာပါတယ္။ ပါဂ်ဴၿမိဳ႕ဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ နယ္စပ္နားမွာ တည္ရွိပါတယ္။  ေမလေႏွာင္းပိုင္းက အိမ္နီးခ်င္း ေျမာက္ကိုရီးယားႏိုင္ငံမွာ အာဖရိက ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြားၿပီး ေလးလနီးပါးအၾကာမွာပဲ ေတာင္ကိုရီးယားမွာလည္း အဲဒီ ေရာဂါပိုး ေတြ႕ရပါတယ္။ ေရာဂါျပန႔္ပြားမႈ တားျမစ္ဖို႔ ဝက္အေကာင္ေရ ၄၀၀၀ ေလာက္ကို သုတ္သင္ ရွင္းလင္းသြားမယ္လို႔ ေတာင္ကိုရီးယား စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီး ကင္မ္ယြန္ဆိုက အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။ အာဖရိက ဝက္တုပ္ေကြးေရာဂါဟာ ကူးစက္မႈႏႈန္း ျမန္ၿပီး ေရာဂါကူးစက္ခံရတဲ့ တိရစာၦန္ေတြ ေသဆုံးတဲ့အထိ ျပင္းထန္ေပမယ့္ လူေတြကိုေတာ့ မကူးစက္ႏိုင္ပါဘူး။  ဒါ့အျပင္ လက္ရွိအခ်ိန္ထိ ကာကြယ္ေဆးလည္း မရွိေသးပါဘူး။ အဲဒီေရာဂါဟာ ဝက္ေတြနဲ႔ ေတာ႐ိုင္းဝက္ဝံေတြမွာ အမ်ားဆုံး ျဖစ္ပြားေလ့ရွိၿပီး မႊားကိုက္တာ၊ တိရစာၦန္ခ်င္း တိုက္႐ိုက္ထိေတြ႕တာေတြကေန ကူးစက္ေလ့ ရွိပါတယ္။
2 years Ago
Up