close

အာရှသား

close

April 9, 2023

အာရှသားတွေလည်း လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်ဟု ဆွန်ဟောင်မင်ပြော

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာရှတိုက်က ကစားသမားတွေဟာလည်း လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ရှိစေချင်ကြောင်း စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က ပြောသွားပါတယ်။ တောင်ကိုရီးယား တိုက်စစ်မှူးဟာ မနေ့ညက ကစားခဲ့တဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် ပရီးမီးယာလိဂ်သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီး အာရှကစားသမားတွေထဲမှာ ဂိုး ၁၀၀ ပြည့်ခဲ့ တဲ့ ပထမဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

အာရှကစားသမားတွေနဲ့ အထူးသဖြင့် တောင်ကိုရီးယားကစားသမားတွေအနေနဲ့ ဒီလိုအောင်မြင်မှုကိုကြည့်ပြီး သူတို့လည်း အလားတူလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိစေချင်တယ်လို့ ဆွန်ဟောင်မင်ကပြောပါတယ်။

“ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့်ခဲ့တာက အာရှတိုက်ကိုယ်စားပြုသူတစ်ယောက်အနေနဲ့ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ကျနော့်အနေနဲ့ လူငယ်တွေ  ကူညီဖို့ အတုယူစရာ စံပြကစားသမားဖြစ်ဖို့ တာဝန်ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ အာရှကစားသမားတွေဟာလည်း အံ့အားသင့်စရာ စွမ်းဆောင်ရည်တွေပြသနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်ပါတယ်” လို့ ဆွန်ဟောင်မင်ကပြောပါတယ်။

ဆွန်ဟောင်မင်ဟာ မနှစ်ကရာသီက ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးဆုကို လီဗာပူးတိုက်စစ်မှူးဆာလာနဲ့ ပူးတွဲရယူနိုင်ခဲ့ပါသေးတယ်။ 

2 mins Ago

June 30, 2020

လူမည်း၊ အာရှသားနှင့် လူနည်းစုလူမျိုး နည်းပြများ ထွက်ပေါ်ရန် အင်္ဂလန်အက်ဖ်အေ စတင်

လူမည်း၊ အာရှသားနဲ့ လူနည်းစု လူမျိုး ဘောလုံးနည်းပြကောင်းတွေ ထွက်ပေါ်လာဖို့အတွက် ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ဘောလုံးလိဂ်တို့ ပူးပေါင်းလုပ်ဆောင်တော့မှာဖြစ်ပါတယ်။  လာမယ့်နှစ် ဘောလုံးရာသီက စတင်ပြီး တစ်နှစ်ကို လူမည်း၊ အာရှသားနဲ့ လူနည်းစုလူမျိုး နည်းပြ ၆ ဦးကို ပရီးမီးယားလိဂ်ရဲ့ အောက်က အင်္ဂလန် ဘောလုံးလိဂ်ပြိုင်ပွဲတွေမှာ လေ့လာသင်ယူစေမှာ ဖြစ်ပါတယ်။  သူတို့ကို ၂၃ လကြာ အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်စေမှာ ဖြစ်ပြီး အရည်အချင်းပြည့်မီခဲ့မယ်ဆိုရင် ယူအီးအက်ဖ်အေနည်းပြသင်တန်းတွေကို ဆက်ပြီး တက်ရောက်ခွင့်ရမယ်လို့ သိရပါတယ်။  ဒါ့အပြင် နည်းပြအခန်းကဏ္ဍတင်မဟုတ်ဘဲ တခြားရာထူးနေရာတွေမှာလည်း ခန့်အပ်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။  ဒီအစီအစဉ်ဟာ အင်္ဂလန်ဘောလုံးအသင်းတွေမှာ လူမည်းနည်းပြနဲ့ တခြားလူနည်းစုလူမျိုး နည်းပြတွေ နည်းပါးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ မရှိစေဖို့အတွက် အင်္ဂလန်အက်ဖ်အေက စတင်လုပ်ဆောင်တာပါ။  ဒီအစီအစဉ်ကနေ  လူမည်း၊ အာရှသားနဲ့ လူနည်းစုလူမျိုး ဘောလုံးနည်းပြကောင်းတွေ ထွက်ပေါ်လာဖို့အတွက် ကူညီပေးနိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ် အမှုဆောင်အရာရှိချုပ် ရစ်ချက်မာစတာက ပြောပါတယ်။
3 years Ago
Up