close

အာသံပြည်နယ်

close

June 28, 2022

အာသံပြည်နယ်တွင် ရေးဘေးသင့်သူများကို အစိုးရက အစားအစာ ဝေငှ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲမှာ ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ဒေသ အာဏာပိုင်တွေက ဇွန် ၂၇ ရက်မှာ စားစရာတွေ လိုက်ဝေပေးနေပါတယ်။ 

နာဂါယွန်မြို့နယ် အုပ်ချုပ်ရေးမှူး နစ်ဆက်ဂ်ဟီဗာရီက ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေကို သွားရောက်တွေ့ဆုံပြီး အကူအညီတွေ ပေးအပ်နေတဲ့အကြောင်း ပြောပါတယ်။ 

“အရင်ဆုံး သုံးရက်စာ အကူအညီတွေ ပေးခဲ့ပါတယ်။ အခုပေးတာက နောက်ထပ် ၅ ရက်စာပါ။ ဒီဒေသက သွားရေးလာရေးခက်ခဲတာကြောင့်ပါ။”

ရေဘေးအတွင်းမှာ နာဂါယွန်မြို့နယ်ထဲက အိမ်တွေ၊ ဘုရားကျောင်းတွေ ရေအောက်မြှုပ်နေပြီး အာဏာပိုင်တွေဟာ လမ်းပန်းဆက်သွယ်ရေခက်ခဲတဲ့ ဒီဒေသအထိသွားပြီး ဆန်နဲ့ ဂျုံတွေကို သွားဝေပေးနေတာပါ။ 

အာသံပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ဧပြီလကတည်းက ရေကြီးနေတာဖြစ်ပြီး အခုအထိ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ 

1 hour Ago

June 27, 2022

အာသံပြည်နယ်တွင် ရေဘေးသင့်သူများ အရေပြားရောဂါများ စတင်ဖြစ်ပွား

ရေဘေးသင့်နေတဲ့ အာသံပြည်နယ်မှာ ရေကြောင့်ဖြစ်တဲ့ အရေပြားရောဂါနဲ့ တခြား ရောဂါတွေ စတင်ဖြစ်ပွားနေတယ်လို့ ဒေသခံ အိန္ဒိယ ဆရာဝန်တယောက်က ဇွန် ၂၆ ရက်က ပြောပါတယ်။

“လူတွေ ဖျားနေတယ်။ ချောင်းဆိုးတယ်။ တချို့တွေလည်း ဝမ်းလျောနေကြတယ်” လို့ အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ အမ် အာလီက ပြောပါတယ်။ 

ဒေါက်တာ အမ်အာလီနဲ့အဖွဲ့ဟာ အာသံပြည်နယ်ထဲက မိုရီဂွန်မြို့မှာ ရေဘေးသင့် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတာပါ။

အိန္ဒိယအရှေ့မြောက်ဒေသမှာရှိတဲ့ အာသံပြည်နယ်ထဲမှာ မိုးသည်းထန်ခဲ့လို့ ရေဘေးသင့်နေတာပါ။

ဒီဒေသထဲမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက် ရေဘေးသင့် ပြည်သူတွေကို အိန္ဒိယ တပ်မတော် လေတပ်က အကူအညီတွေ ချပေးနေပါတယ်။ 

ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းထားရတဲ့ လူဦးရေဟာ ၅ ဒသမ၅ သန်း ရှိနေပြီး လူ ၃ဒသမ ၇ သန်းဟာ အစိုးရက စီစဉ်ထားတဲ့ အမြင့်ပိုင်းယာယီစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ 

1 day Ago
Up