အာသံပြည်နယ်တွင် ရေးဘေးသင့်သူများကို အစိုးရက အစားအစာ ဝေငှ

4
အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲမှာ ရေဘေးသင့်နေတဲ့ ပြည်သူတွေကို ဒေသ အာဏာပိုင်တွေက ဇွန် ၂၇ ရက်မှာ စားစရာတွေ လိုက်ဝေပေးနေပါတယ်။
နာဂါယွန်မြို့နယ် အုပ်ချုပ်ရေးမှူး နစ်ဆက်ဂ်ဟီဗာရီက ရေဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူတွေကို သွားရောက်တွေ့ဆုံပြီး အကူအညီတွေ ပေးအပ်နေတဲ့အကြောင်း ပြောပါတယ်။
“အရင်ဆုံး သုံးရက်စာ အကူအညီတွေ ပေးခဲ့ပါတယ်။ အခုပေးတာက နောက်ထပ် ၅ ရက်စာပါ။ ဒီဒေသက သွားရေးလာရေးခက်ခဲတာကြောင့်ပါ။”
ရေဘေးအတွင်းမှာ နာဂါယွန်မြို့နယ်ထဲက အိမ်တွေ၊ ဘုရားကျောင်းတွေ ရေအောက်မြှုပ်နေပြီး အာဏာပိုင်တွေဟာ လမ်းပန်းဆက်သွယ်ရေခက်ခဲတဲ့ ဒီဒေသအထိသွားပြီး ဆန်နဲ့ ဂျုံတွေကို သွားဝေပေးနေတာပါ။
အာသံပြည်နယ်ထဲက တချို့မြို့နယ်တွေမှာ ဧပြီလကတည်းက ရေကြီးနေတာဖြစ်ပြီး အခုအထိ လူ ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။