close

အားကစားဒါရိုက်တာ

close

July 29, 2022

တိုရီနိုနည်းပြနှင့် အားကစားဒါရိုက်တာတို့ လူမြင်ကွင်းတွင် ခိုက်ရန်ဖြစ်ပွား

အီတလီစီးရီးအေကလပ် တိုရီနိုအသင်းနည်းပြနဲ့ အားကစားဒါရိုက်တာတို့နှစ်ဦးဟာ လူမြင်ကွင်းမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

တိုရီနိုအသင်းဟာ သြစတြီးယားနိုင်ငံမှာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်နေစဉ်မှာ အသင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက်အကြားမှာ ကိုယ်ထိလက်ရောက် အချင်းများခဲ့တာပါ။

တိုရီနိုအသင်းရဲ့ ခရိုအေးရှားနည်းပြအိုင်ဗန်ဂျူရစ်ဟာ ကားပါကင်မှာ အားကစား ဒါရိုက်တာ ဗက်နက်တီနဲ့ တွန်းထိုးကာ အချင်းများခဲ့ကြပြီး အသင်းတာဝန်ရှိသူတစ်ဦးလို့ ယူဆရသူက ကြားဝင်တားဆီးခဲ့ရပါတယ်။

နည်းပြဂျူရစ်ဟာ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူခွင့်ရရေးအတွက် ဒါရိုက်တာ ဗက်နက်တီနဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် ကိုထိလက်ရောက် တွန်းထိုးခဲ့ကြတာပါ။

နည်းပြ ဂျူရစ်အနေနဲ့ အသင်းဥက္ကဋ္ဌဆီသွားချိန်မှာ သူ့ကို ဘာမှအသိမပေးခဲ့လို့ လေးစားမှုမရှိကြောင်း၊ အသင်းကို တောင့်တင်းတဲ့လူစာရင်းနဲ့ တည်ဆောက်ပေးမှာဖြစ်ပြီး နည်းပြ တာဝန် အတိုင်းကျေပွန် အောင်လုပ်ဆောင်သင့်ကြောင်း အားကစားဒါရိုက်တာ ဗက်နက်တီက ဒေါသတကြီးပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ 

14 mins Ago

August 19, 2020

ဘာစီလိုနာ အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်ကို ရာထူးမှ ထုတ်ပယ်

ဘာစီလိုနာအသင်းဟာ အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ နည်းပြချုပ် ဆက်တီယန်ကို ထုတ်ပယ်လိုက်ပြီးနောက် အသင်းရဲ့ အားကစားဒါရိုက်တာ အဘီဒယ်ကို ဆက်ပြီးထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အပေါ်မှာ အသင်းကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ နောက်ခံလူဟောင်း အဘီဒယ်ဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး အားကစား ဒါရိုက်တာအဖြစ် စတင်တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။  ပြင်သစ်နောက်ခံလူဟောင်း အဘီဒယ်ဟာ လီယွန်နယ်မက်ဆီနဲ့လည်း ပြဿနာတချို့ ဖြစ်ခဲ့ဖူးလို့ ဝေဖန်ခံခဲ့ရဖူးပါတယ်။ အဲရစ်အဘီဒယ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုတွေနဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ရှိပြီး ဘာစီလိုနာ မိသားစုဝင်အားလုံးနဲ့လည်း အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးတွေ လုပ်ဆောင်နိုင်ခဲ့ကြောင်း ဘာစီလိုနာအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
2 years Ago
Up