close

တိုရီနိုနည်းပြနှင့် အားကစားဒါရိုက်တာတို့ လူမြင်ကွင်းတွင် ခိုက်ရန်ဖြစ်ပွား

အီတလီစီးရီးအေကလပ် တိုရီနိုအသင်းနည်းပြနဲ့ အားကစားဒါရိုက်တာတို့နှစ်ဦးဟာ လူမြင်ကွင်းမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

တိုရီနိုအသင်းဟာ သြစတြီးယားနိုင်ငံမှာ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်နေစဉ်မှာ အသင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက်အကြားမှာ ကိုယ်ထိလက်ရောက် အချင်းများခဲ့တာပါ။

တိုရီနိုအသင်းရဲ့ ခရိုအေးရှားနည်းပြအိုင်ဗန်ဂျူရစ်ဟာ ကားပါကင်မှာ အားကစား ဒါရိုက်တာ ဗက်နက်တီနဲ့ တွန်းထိုးကာ အချင်းများခဲ့ကြပြီး အသင်းတာဝန်ရှိသူတစ်ဦးလို့ ယူဆရသူက ကြားဝင်တားဆီးခဲ့ရပါတယ်။

နည်းပြဂျူရစ်ဟာ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူခွင့်ရရေးအတွက် ဒါရိုက်တာ ဗက်နက်တီနဲ့ သဘောထားကွဲလွဲခဲ့ပြီးနောက် ကိုထိလက်ရောက် တွန်းထိုးခဲ့ကြတာပါ။

နည်းပြ ဂျူရစ်အနေနဲ့ အသင်းဥက္ကဋ္ဌဆီသွားချိန်မှာ သူ့ကို ဘာမှအသိမပေးခဲ့လို့ လေးစားမှုမရှိကြောင်း၊ အသင်းကို တောင့်တင်းတဲ့လူစာရင်းနဲ့ တည်ဆောက်ပေးမှာဖြစ်ပြီး နည်းပြ တာဝန် အတိုင်းကျေပွန် အောင်လုပ်ဆောင်သင့်ကြောင်း အားကစားဒါရိုက်တာ ဗက်နက်တီက ဒေါသတကြီးပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ 

//
Up