close

အားကစားပြိုင်ပွဲ

close

March 9, 2023

‘ဝ’ ဒေသတွင် ဟိုပန်အသင်းတော် နှစ် ၅၀ ပြည့်ရွှေရတုအထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ (ဓာတ်ပုံ)

ဟိုပန် ‘ဝ’နှစ်ခြင်းခရစ်ယာန်အသင်းတော် (WBC) ရဲ့ နှစ် ၅၀ ပြည့် ရွှေရတု ကျေးဇူးတော်ချီးမွမ်းပွဲ အထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၊ ကောင်းဟုန်းရပ်ကွက်ရှိ WBC ဘုရားကျောင်းဝင်းအတွင်းမှာ စတင် ကျင်းပနေပါတယ်။

နှစ် ၅၀ ပြည့် ရွှေရတု ကျေးဇူးတော်ချီးမွမ်းပွဲကိုလာမယ့် ဧပြီ  ၅ ရက်မှ ၇ ရက်နေ့ထိ ၃ ရက်ကျင်းပမှာဖြစ်ပြီး အားကစားပွဲတွေကို ကြိုတင်ကျင်းပနေတာလို့  ပွဲဖြစ်မြောက်ရေးကော်မတီ ကနေသိရပါတယ်။

ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို မနေ့ကစတင်ကျင်းပနေပြီး၊  ဘောလုံးပြိုင်ပွဲကို မတ်လ ၁၆ ရက်ကစပြီး ၁၀ ရက်ကြာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။   ဒါ့ပြင်  အမျိုးသမီး(ဖူဆယ်)ပြိုင်ပွဲ၊ လွန်ဆွဲ၊ ချောတိုင်နဲ့ ခေါင်းအုံးရိုက် စတဲ့အားကစားတွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အားကစားကိုလူငယ်တွေ စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲကာ လမ်းမှားမရောက်စေဖို့ ရည်ရွယ်ပြုလုပ်တာလို့ အားကစားဆပ်ကော်မတီ ဦးဆောင်သူက ပြောပါတယ်။

"အဓိက နှစ် ၅၀ ပွဲကို လူတွေသိစေချင်တာ။ အထိမ်းအမှတ်ပွဲလည်း ဖြစ်တယ်။ ဒီလိုအားကစားပြိုင်ပွဲကို အမြဲလုပ်သွားစေချင်တယ်။ လူငယ်တွေအတွက် ကောင်းတဲ့ပြိုင်ပွဲပါ။”

ပွဲတော်ကာလမှာ ခြင်းခတ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၁၃ သင်း၊   ဘောလုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်အသင်း ၈ သင်းက ပြိုင်ပွဲဝင်ကြေးပေးသွင်းကာ ယှဉ်ပြိုင်ကစားနေကြတာ ဖြစ်ပါတယ်။

ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲအတွက် ပထမဆု ကျပ် ၃ သိန်း၊ ဒုတိယကို ကျပ် ၂ သိန်း၊ တတိယကို ကျပ်၁သိန်းနဲ့ နှစ်သိမ့်ဆုကို ကျပ် ၅၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး  ဘောလုံးပြိုင်ပွဲအတွက်‌ ချီးမြှင်ငွေကတော့ ဒီထက်ပိုများမယ်လို့ သိရပါတယ်။

3 hours Ago

January 28, 2023

ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေက ထုတ်ပယ်ရန် ကြိုး ပမ်းချက်အောင်မြင်မည်မဟုတ်ဟု ရုရှားပြော

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကနေ ရုရှားကိုထုတ်ပယ်ဖို့ ကြိုးပမ်းချက်အားလုံးဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဇန်နဝါရီ ၂၇ ရက် သောကြာနေ့က ပြောလိုက်ပါတယ်။

“ဒီလုပ်ရပ်အားလုံးကို ကိုယ်ကျင့်တရား ကောင်းမွန်မှု ဘက်ကနေ ရပ်တည်ပါတယ်လို့ ပြောဆိုခဲ့သူတွေနဲ့ အားကစားနဲ့ နိုင်ငံရေးက သပ်သပ်စီပဲ လို့ ပြောခဲ့သူတွေ သိထားသင့်ပါတယ်။”

မနှစ်က ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ထောင်သောင်းနဲ့ချီတဲ့ စစ်တပ်တွေကို စပြီးစေလွှတ်လိုက်ကတည်းက တချို့အားကစားအဖွဲ့တွေဟာ ယူကရိန်းရှိ ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ရုရှား နိုင်ငံကိုယ်စားပြုအသင်းတွေနဲ့ ရုရှားအားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ဘီလာရုစ် အားကစားသမားတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ယူကရိန်းအနေနဲ့ ဒီအိုလံပစ်အားကစားပြိုင်ပွဲကို သပိတ်မှောက်ဖို့ တားဆီးမှာ မဟုတ်ဘူး လို့ သောကြောနေ့ အစောပိုင်းတုန်းက ကိယဗ်အစိုးရက ပြောထားပါတယ်။

1 month Ago
Up