ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေက ထုတ်ပယ်ရန် ကြိုး ပမ်းချက်အောင်မြင်မည်မဟုတ်ဟု ရုရှားပြော

ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကနေ ရုရှားကိုထုတ်ပယ်ဖို့ ကြိုးပမ်းချက်အားလုံးဟာ အောင်မြင်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ဇန်နဝါရီ ၂၇ ရက် သောကြာနေ့က ပြောလိုက်ပါတယ်။
“ဒီလုပ်ရပ်အားလုံးကို ကိုယ်ကျင့်တရား ကောင်းမွန်မှု ဘက်ကနေ ရပ်တည်ပါတယ်လို့ ပြောဆိုခဲ့သူတွေနဲ့ အားကစားနဲ့ နိုင်ငံရေးက သပ်သပ်စီပဲ လို့ ပြောခဲ့သူတွေ သိထားသင့်ပါတယ်။”
မနှစ်က ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ထောင်သောင်းနဲ့ချီတဲ့ စစ်တပ်တွေကို စပြီးစေလွှတ်လိုက်ကတည်းက တချို့အားကစားအဖွဲ့တွေဟာ ယူကရိန်းရှိ ရုရှားကျူးကျော်စစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ရုရှား နိုင်ငံကိုယ်စားပြုအသင်းတွေနဲ့ ရုရှားအားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ဆိုင်းငံ့ထားတာ ဖြစ်ပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ဘီလာရုစ် အားကစားသမားတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် ယူကရိန်းအနေနဲ့ ဒီအိုလံပစ်အားကစားပြိုင်ပွဲကို သပိတ်မှောက်ဖို့ တားဆီးမှာ မဟုတ်ဘူး လို့ သောကြောနေ့ အစောပိုင်းတုန်းက ကိယဗ်အစိုးရက ပြောထားပါတယ်။