ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ရဲ့ အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲနဲ့ တခြားအားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် တားမြစ်ပေးဖို့ ဘော်လ်တစ်ဒေသနိုင်ငံတွေနဲ့ ပိုလန်နိုင်ငံတို့က ဖေဖော်ဝါရီ ၂ ရက်မှာ နိုင်ငံတကာအားကစားအဖွဲ့ချုပ်တွေကို တောင်းဆိုခဲ့ပါတယ်။
လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံတို့က အားကစားဝန်ကြီးတွေဟာ ဒီအဆိုပြုချက်အပေါ် ဝိုင်းထောက်ခံကြတဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ စာနာထောက်ထားမှုရှိတဲ့ နော်ဒစ်ဒေသနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဥရောပတိုက်မှာ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ အာရှခြေစစ်ပွဲတွေကတဆင့် ယှဉ်ပြိုင်ခွင့်ပြုပေးဖွယ်ရာ ရှိတယ်လို့ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) က ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တဲ့အပေါ် ဝန်ကြီးဖြစ်သူတွေက ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
နောက်ပိုင်းမှာ IOC က ရုရှားနဲ့ ဘယ်လာရုစ်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့အတူ ရပ်တည်ကြောင်း ပြောဆိုခဲ့တာပါ။
ရုရှားဟာ ယူကရိန်နိုင်ငံထဲ ဝင်ရောက်ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံကလည်း ရုရှားကို ကူညီပေးနေတာဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ တနှစ်တာအတွင်း ဝင်ငွေအကောင်းဆုံး အားကစားသမားစာရင်း မှာ ပီအက်စ်ဂျီတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်းမှာ ပေါင် ၁၀၇ သန်း ဝင်ငွေရရှိခဲ့ပြီး ဝင်ငွေအများဆုံးရရှိတဲ့ အားကစားသမား ဖြစ်ခဲ့တာပါ။
မက်ဆီဝင်ငွေတွေထဲမှာ ပေါင် ၄၅ သန်းက ဘောလုံးပြင်ပကနေရရှိတဲ့ စပွန်ဆာငွေ ကြေး တွေဖြစ်ပြီး လုပ်ခလစာနဲ့ ဆုကြေးတွေ အပါအဝင် စုစုပေါင်း ပေါင် ၁ဝ၇ သန်းအထိ ဝင်ငွေရရှိခဲ့တာပါ။
ဒုတိယနေရာမှာ အမေရိကန်ဘတ်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်က ပေါင် ၉၉ သန်း နဲ့ ရပ်တည်နေပါတယ်။ တတိယနေရာမှာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုက ဝင်ငွေစုစုပေါင်း ပေါင် ၉၄ သန်း နဲ့ ရပ်တည်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဝင်ငွေအကောင်းဆုံးအားကစားသမားဖြစ်ခဲ့တဲ့ MMA ဖိုက်တာ မက်ဂရီဂေါက အခုနှစ်အတွင်း ပွဲထိုးသတ်နိုင်ခြင်းမရှိခဲ့တာကြောင့် ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ တောင်ပါဝင်လာခြင်းမရှိခဲ့ပါဘူး။
ဝင်ငွေအကောင်းဆုံးအားကစားသမား ထိပ်တန်း ၁ဝ ဦးစာရင်းမှာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ဝင်ငွေပေါင် ၇၈ သန်းရရှိကာ စတုတ္ထနေရာမှာရပ်တည်နေပါတယ်။
ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ အမေရိကန်နဲ့ဂရိ NBA ဘတ်စကတ်ဘောကစားသမား ၃ ဦးလည်းပါဝင် ပြီး ဂေါ့ဖ်ကစားသမား ရော်ဂျာဖက်ဒရာက အဆင့် ၇၊ လက်ဝှေ့ချန်ပီယံ ကာနယ်လိုအယ်လ်ဗာရက်ဇ်က အဆင့် ၈ နေရာတွေမှာ ရပ်တည်ခဲ့ပါတယ်။