close

အားကစား

close

March 15, 2023

လာမည့်အပြောင်းအရွှေ့ကာလအတွက် ပြင်ဆင်ထားပြီးပြီဟု အာဆင်နယ်ဒါရိုက်တာ အီဒူးပြော

လာမယ့်နှစ် အပြောင်းအရွှေ့ကာလအတွက် ပြင်ဆင်ထားပြီးပြီလို့ အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက ပြောပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ အဆင်သင့်ဖြစ်နေဖို့ လိုအပ်တာကြောင့် လက်ရှိအချိန်ကတည်းက အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်တယ်လို့ အီဒူးက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပေမယ့် ဂျော်ဂျင်ညို၊ ထရော့ဆတ် တို့လို ကစားသမားတွေနဲ့ အစားထိုးနိုင်ခဲ့ပြီး အောင်မြင်တဲ့ ခေါ်ယူမှုတွေလည်း ချီးကျူးခံနေရတာပါ။

ပရီးမီးယားလိဂ်မှာ အသင်းတွေအများကြီးရှိပြီး နည်းပြကောင်းတွေလည်းရှိလို့ ပြိုင်ဆိုင်မှု မြင့်မားတာကြောင့် ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားလေလေ ပိုပြီး အဆင်ပြေနိုင်လေလေ ဖြစ်တယ်လို့ အီဒူးက ပြောသွားပါတယ်။

အီဒူးအနေနဲ့ လာမယ့်နှစ်အပြောင်းအရွှေ့မှာ ဘယ်ကစားသမားတွေကို ပစ်မှတ်ထားသလဲဆိုတာကတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။

2 hours Ago

March 8, 2023

သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေသည့် မေဆန်မောင့်ကို နယူးကာဆယ် ခေါ်ယူမည်

နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ လာမယ့်၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် သက်တမ်းတိုးဖို့ကိစ္စ အဆင်မပြေဖြစ်နေတာပါ။

ချဲလ်ဆီးဘက်က စာချုပ်သက်တမ်းတိုးချင်ပေမဲ့လည်း လုပ်ခလစာတိုးမြှင့်ရဖို့ မေဆန်မောင့်က အလိုရှိတာကြောင့် အဆင်မပြေသေးတာလို့ ဆိုကြပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှာ သက်တမ်တိုးဖို့ အဆင်မပြေခဲ့ရင်တော့ မေဆန်မောင့်ကို ရောင်းချသွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။

နယူးကာဆယ်အသင်းဟာ ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့အတူ ကစားသမားကောင်းတွေကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အာဆင်နယ်မှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ နောက်ခံလူ တီယာနေးလ်ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပါတယ်။

1 week Ago
Up