လာမည့်အပြောင်းအရွှေ့ကာလအတွက် ပြင်ဆင်ထားပြီးပြီဟု အာဆင်နယ်ဒါရိုက်တာ အီဒူးပြော

လာမယ့်နှစ် အပြောင်းအရွှေ့ကာလအတွက် ပြင်ဆင်ထားပြီးပြီလို့ အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက ပြောပါတယ်။
အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ အဆင်သင့်ဖြစ်နေဖို့ လိုအပ်တာကြောင့် လက်ရှိအချိန်ကတည်းက အကောင်းဆုံးပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်တယ်လို့ အီဒူးက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ပေမယ့် ဂျော်ဂျင်ညို၊ ထရော့ဆတ် တို့လို ကစားသမားတွေနဲ့ အစားထိုးနိုင်ခဲ့ပြီး အောင်မြင်တဲ့ ခေါ်ယူမှုတွေလည်း ချီးကျူးခံနေရတာပါ။
ပရီးမီးယားလိဂ်မှာ အသင်းတွေအများကြီးရှိပြီး နည်းပြကောင်းတွေလည်းရှိလို့ ပြိုင်ဆိုင်မှု မြင့်မားတာကြောင့် ပြင်ဆင်မှု ကောင်းကောင်းလုပ်ထားလေလေ ပိုပြီး အဆင်ပြေနိုင်လေလေ ဖြစ်တယ်လို့ အီဒူးက ပြောသွားပါတယ်။
အီဒူးအနေနဲ့ လာမယ့်နှစ်အပြောင်းအရွှေ့မှာ ဘယ်ကစားသမားတွေကို ပစ်မှတ်ထားသလဲဆိုတာကတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။