close

အိန္ဒိယနှင့် ဂျာမနီ

close

December 6, 2022

အိန္ဒိယနှင့် ဂျာမနီ စီးပွားရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မည်

ဂျာမနီအစိုးရဟာ အိန္ဒိယနိုင်ငံထဲမှာ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ဖို့  အလားအလာကောင်းတွေကို တွေ့ထားတယ်လို့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘောက်ထ်က ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။

အိန္ဒိယမြို့တော် နယူးဒေလီကို ရောက်နေတဲ့ ဘယ်ယာဘောက်ထ်က  ဂျာမနီဟာ ကုန်သွယ်ရေးဆိုင်ရာ ကွဲပြားမှုတွေကြောင့် အိန္ဒိယအစိုးရရဲ့ အရေးပါမှုကို မီးမောင်း ထိုးပြခဲ့ပါတယ်။ 

တရုတ်အတွက် အစားထိုးမိတ်ဖက်အဖြစ် အိန္ဒိယကို မြင်သလားလို့ မေးရာမှာ ဘယ်ယာဘောက်ထ်က အိန္ဒိယဟာ ဂျာမနီနဲ့ ဥရောပသမဂ္ဂအတွက် အမြဲတမ်း မိတ်ဖက်လို့ ပြောပါတယ်။

“ကျမတို့ဟာ ဒီမိတ်ဖက်ဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းအောင် လုပ်ချင်ပါတယ်”လို့လည်း ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ဂျာမနီနိုင်ငံဆီကို အိန္ဒိယ ကျွမ်းကျင်လုပ်သားတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ အလုပ်သင်တွေ လာရာမှာ လွယ်ကူ ချောမွေ့စေမယ့် ရွှေ့ပြောင်းနေထိုင်မှုနဲ့ ရွေ့ပြောင်း သွားလာရေး မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ကို မကြာသေးမီက ဘယ်ယာဘောက်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဂျာမန်အစိုးရဟာ ဥရောပရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး လိုအပ်နေတဲ့ ဥရောပ သမဂ္ဂပြင်ပ အလုပ်သမားတွေအတွက် အလုပ်အကိုင်ဈေးကွက်ကို ဖွင့်လှစ်ဖို့ ကြိုးပမ်းနေတာပါ။

ဂျာမနီအစိုးရဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ သဘောတူခဲ့ပါတယ်။

သက်ကြီးရွယ်အို ဦးရေ တိုးနေလို့ အများနဲ့ ဆိုင်တဲ့ အငြိမ်းစား ထောက်ပံ့ကြေး ပင်စင်စနစ်အပေါ် ဖိအားတွေတိုးလာနေချိန်မှာ ဂျာမန်စီးပွားရေး တိုးတက်မှုအားနည်းနေလို့ ကျွမ်းကျင်သူ ပြတ်လပ်မှုကို ကိုင်တွယ် ဖြေရှင်းဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လေ့ကျင့်ရေးကို မြှင့်တင်ချင်တယ်လို့ ဂျာမန် အစိုးရက ပြောပါတယ်။

2 mins Ago

May 3, 2022

စွမ်းအင်ကဏ္ဍအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယနှင့် ဂျာမနီ သဘောတူ

ဂျာမနီမှာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာမိုဒီနဲ့ ဂျာမန် အဓိပတိ အိုလော့ဖ်ရှိုးလ်တို့ မေ ၂ ရက်က ကြေညာလိုက်တဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေထဲမှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကနေ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ ဟိုက်ဒရိုဂျင် အသုံးပြုမှု ကိစ္စတွေအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။

လာမယ့် နှစ်တွေအတွင်း အိန္ဒိယနဲ့  ပူးပေါင်းဆောင်ရွက်ဖို့အတွက် ဂျာမန်ဘက်က ယူရိုငွေ ၁၀ ဘီလီယံအထိ လျာထားတယ်လို့ ဂျာမန်အဓိပတိက ကြေညာပါတယ်။။

နှစ်နိုင်ငံ ပူးပေါင်းဆောက်ရွက်သွားမယ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ဂျာမနီဘက်က လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ယူရိုငွေ ၁၀ ဘီလီယံအထိ ထည့်ဝင်သွားပါမယ်လို့ ဂျာမနီ အဓိပတိက ပြောသွားတာပါ။ 

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း အိန္ဒိယအနေနဲ့ အီးယူနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်သွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အကြောင်း ဂျာမနီဘက် ပူးပေါင်းဆောင်ရွက် မှုတွေကို ကြိုဆိုတဲ့အကြောင်း ပြောသွားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီဟာ ဂျာမနီကနေ တဆင့်၊ ပြင်သစ်နဲ့ ဒိန်းမတ်ကို ခရီးဆက်ဖို့ ရှိပါတယ်။

7 months Ago
Up