close

အိုမီခရွန်ကူးစက်သူ

close

February 21, 2022

မြင်းခြံခရိုင်တွင် အိုမီခရွန်ကူးစက်မှု မြင့်တက်နေပြီး ၁ ဦး သေဆုံး၊ ကျောင်းအချို့ ပိတ်ထား

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်မှာ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ဖေဖော်ဝါရီ ၁၃ ရက်က မြင်းခြံမြို့မှာ စတင်တွေ့ရှိခဲ့ပြီး ဒီနေ့ထိ အမျိုးသား ၁ ဦး သေဆုံးထားပြီလို့ သိရပါတယ်။

မြင်းခြံမှာ ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန်ပိုးကို ဖေဖော်ဝါရီ ၁၃ ရက်က တစ်ရက်တည်း ၁၁ ဦး စတွေ့ တာပြီး ဖေဖော်ဝါရီ ၂၀ ရက်ထိ ပိုးတွေ့လူနာ ၁၉ ဦးရှိတယ်လို့ မြင်းခြံ ကိုဗစ် -၁၉ ရောဂါ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောပါတယ်။

“ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားတစ်ဦး သေဆုံးပြီး တချို့လည်း ဆေးရုံဆင်းသွားကြတာမို့ ခုထိ မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်လူနာ ၄ ဦးပဲ ကျန်ရှိပြီး ဆေးကုသမှု  ခံယူနေတယ်။” 

မြင်းခြံပိုးတွေ့ရှိရာ နေရာတွေမှာ ပိုးသတ်ဆေးဖြန်း ကူညီမှုတွေ ၂၄ နာရီ လုပ်ဆောင်ပေးနေပြီး လိုအပ်လို့ ဆေးဖြန်းလိုပါက အချိန်မရွေး ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့ အဖြူရောင်လက်များ ပရဟိတအသင်းက ​သိရပါတယ်။

အလားတူ နွားထိုးကြီးမြို့နယ် အခြေခံပညာကျောင်းတွေမှာလည်း ကိုဗစ်-၁၉  ရောဂါ စစ်ဆေးမှုကို မြို့နယ် ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပေးနေပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ထိ ကျောင်းအချို့မှာ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ပိုးတွေ့သူ ၅၀ လောက် ရှိနေပြီလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မြို့မှာကတော့ ကျောင်းတွေကိုသာ ကွင်းဆင်းစစ်ဆေးနေလို့ ပိုးတွေ့တာ သိနေရတာ။ အရပ်ထဲရော၊ ရွာထဲမှာပါ နေထိုင်မကောင်းသူတွေက အများကြီးပါ။ ချောင်းဆိုးတယ်၊ ရင်ကျပ်တယ်၊ မောတယ်၊ ကိုယ်လက်နာတယ် ဆိုတဲ့ လူမမာတွေပေါတယ်။ ဆေးမစစ်စ်တော့ ပိုးမတွေ့ဘူးပေါ့။ ရွာဘက်က အထက်တန်းကျောင်းတစ်ကျောင်းတော့ ကိုဗစ်ပိုးတွေ့လို့ တစ်ပတ် ပိတ်ထားတယ်။”

2 mins Ago

January 17, 2022

ထိုင်းတွင် အိုမီခရွန်ကူးစက်သူ ၁ ဦး ပထမဆုံး သေဆုံး

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူတွေ တွေ့ရှိပြီးတဲ့နောက် ပထမ ဆုံးအကြိမ် လူသေဆုံးမှု  ရှိလာခဲ့ပါတယ်။ 

သေဆုံးသူမှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရီုင် ဟတ်ယိုင်မြို့မှ အသက် ၈၆ နှစ်ရွယ်ရှိ သူဟာနာတာရှည်ရောဂါသည်အဘွားအိုတစ်ဦးဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါခံစားနေသူလို့  ဆုန်ခလာခရိုင်ပြည်သူ့ကျန်းမာရေးဌာနက ဇန်နဝါရီ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

သူ့ရဲ့မြေးတော်စပ်သူတစ်ဦးဟာ ပြီးခဲ့တဲ့နှစ်သစ်ကူးကာလက ဖူးကက်ကနေလာပြီး အဘွားကိုလာနှုတ်ဆက်ခဲ့ကြောင်း ၊ အဆိုပါလူရွယ်မှာ  အိုမီခရွန်ကူးစက်ခံထားရတာကို နောက်မှတွေ့ရှိပြီး အဘွားဖြစ်သူက ဇန်နဝါရီ ၆ ရက်မှာ အဖျားရှိကာ ချွဲသလိပ်လည်းထလို့ ကိုဗစ်-၁၉ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ၊ ၇ ရက်နေ့မှာ ဟတ်ယိုင်ဆေးရုံကြီးမှာ စတင်ကုသမှုခံယူပြီး ၁၂ ရက်နေ့မှာတော့ သေဆုံးသွားတယ်လို့ဆိုပါတယ်။

အဘွားအိုဟာ အိုမီခရွန်ပိုးကူးစက်ခံထားရတာ ဟုတ်မဟုတ် အချိန်ယူပြီး ဓာတ်ခွဲစစ်ဆေးရတာကြောင့်  ဇန်နဝါရီ ၁၆ ရက်မှ သက်ဆိုင်ရာက အိုမီခရွန်ဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

သူဟာ ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်လုံးထိုးနှံခဲ့ပြီး ဖြစ်ပေမဲ့ အခုလိုသေဆုံးသွားရတာဟာ သူ့ရဲ့ကိုယ်ခံအားအကျဆင်းမှုကြောင့်ဖြစ်တယ်လို့ ကူးစက်ရောဂါထိန်း ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအိုဖတ်ကန်ကဝင်းဖုန်းက သင်းစာရှင်းပွဲမှာ ပြောပါတယ်။

ကိုယ်ခံအားမှာ လူတစ်ဦးနဲ့တစ်ဦးမတူညီကြကြောင်း အဘွားအိုဟာ ဖိုက်ဇာကာကွယ်ဆေးထိုးထား တာလည်း ၄ လရှိသွားပြီမို့  ပိုးကူးစက်ခံရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံထားသူတွေအနေနဲ့ တတိယအကြိမ်ထပ်မံထိုးနှံကြဖို့ ဒေါက်တာ အိုဖတ်က တိုက်တွန်းသွားပါတယ်။

ထိုင်းနိုင်ငံကိုဗစ်-၁၉ ကူးစက်မှု အခြေအနေမှာ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ လူနာသစ် ၆၉၂၉ ဦးရှိပြီး သေဆုံးသူ ၁၃ ဦးရှိပါတယ်။ ဒီ ၂၀၂၂ နှစ် ဇန်နဝါရီထဲမှာ ကူးစက်ခံရသူစုစုပေါင်း ၁၀၇၉၇၉ ဦးရှိပြီး ပျောက်ကင်းသက်သာသူပေါင်း ၅၈၇၇၂ ဦးရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ 

ကိုးကား-WorkPoint Today

1 month Ago
Up