close

ထိုင်းတွင် အိုမီခရွန်ကူးစက်သူ ၁ ဦး ပထမဆုံး သေဆုံး

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်ခံရသူတွေ တွေ့ရှိပြီးတဲ့နောက် ပထမ ဆုံးအကြိမ် လူသေဆုံးမှု  ရှိလာခဲ့ပါတယ်။ 

သေဆုံးသူမှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရီုင် ဟတ်ယိုင်မြို့မှ အသက် ၈၆ နှစ်ရွယ်ရှိ သူဟာနာတာရှည်ရောဂါသည်အဘွားအိုတစ်ဦးဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါခံစားနေသူလို့  ဆုန်ခလာခရိုင်ပြည်သူ့ကျန်းမာရေးဌာနက ဇန်နဝါရီ ၁၆ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

သူ့ရဲ့မြေးတော်စပ်သူတစ်ဦးဟာ ပြီးခဲ့တဲ့နှစ်သစ်ကူးကာလက ဖူးကက်ကနေလာပြီး အဘွားကိုလာနှုတ်ဆက်ခဲ့ကြောင်း ၊ အဆိုပါလူရွယ်မှာ  အိုမီခရွန်ကူးစက်ခံထားရတာကို နောက်မှတွေ့ရှိပြီး အဘွားဖြစ်သူက ဇန်နဝါရီ ၆ ရက်မှာ အဖျားရှိကာ ချွဲသလိပ်လည်းထလို့ ကိုဗစ်-၁၉ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ၊ ၇ ရက်နေ့မှာ ဟတ်ယိုင်ဆေးရုံကြီးမှာ စတင်ကုသမှုခံယူပြီး ၁၂ ရက်နေ့မှာတော့ သေဆုံးသွားတယ်လို့ဆိုပါတယ်။

အဘွားအိုဟာ အိုမီခရွန်ပိုးကူးစက်ခံထားရတာ ဟုတ်မဟုတ် အချိန်ယူပြီး ဓာတ်ခွဲစစ်ဆေးရတာကြောင့်  ဇန်နဝါရီ ၁၆ ရက်မှ သက်ဆိုင်ရာက အိုမီခရွန်ဖြစ်ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

သူဟာ ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နှစ်ကြိမ်လုံးထိုးနှံခဲ့ပြီး ဖြစ်ပေမဲ့ အခုလိုသေဆုံးသွားရတာဟာ သူ့ရဲ့ကိုယ်ခံအားအကျဆင်းမှုကြောင့်ဖြစ်တယ်လို့ ကူးစက်ရောဂါထိန်း ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအိုဖတ်ကန်ကဝင်းဖုန်းက သင်းစာရှင်းပွဲမှာ ပြောပါတယ်။

ကိုယ်ခံအားမှာ လူတစ်ဦးနဲ့တစ်ဦးမတူညီကြကြောင်း အဘွားအိုဟာ ဖိုက်ဇာကာကွယ်ဆေးထိုးထား တာလည်း ၄ လရှိသွားပြီမို့  ပိုးကူးစက်ခံရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံထားသူတွေအနေနဲ့ တတိယအကြိမ်ထပ်မံထိုးနှံကြဖို့ ဒေါက်တာ အိုဖတ်က တိုက်တွန်းသွားပါတယ်။

ထိုင်းနိုင်ငံကိုဗစ်-၁၉ ကူးစက်မှု အခြေအနေမှာ ဇန်နဝါရီ ၁၇ ရက် ထုတ်ပြန်ချက်အရ လူနာသစ် ၆၉၂၉ ဦးရှိပြီး သေဆုံးသူ ၁၃ ဦးရှိပါတယ်။ ဒီ ၂၀၂၂ နှစ် ဇန်နဝါရီထဲမှာ ကူးစက်ခံရသူစုစုပေါင်း ၁၀၇၉၇၉ ဦးရှိပြီး ပျောက်ကင်းသက်သာသူပေါင်း ၅၈၇၇၂ ဦးရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ 

ကိုးကား-WorkPoint Today

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up