close

အိုရီဂီ

close

December 5, 2021

အိုရီဂီကို ပွဲကစားချိန်ပိုပေးသည့်နည်းပြနှင့် တွေ့စေချင်ဟု လီဗာပူးနည်းပြပြော

တိုက်စစ်မှူး အိုရီဂီအနေနဲ့ တချိန်မှာ ပွဲကစားချိန်ပိုပေးတဲ့ နည်းပြနဲ့ တွေ့စေချင်တယ်လို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

ဘယ်လ်ဂျီယံတိုက်စစ်မှူး အိုရီဂီဟာ  ဆာလာ၊ မာနေး၊ ဖေမီနိုနဲ့ ဂျိုတာတို့ရဲ့နောက်မှာ အရန်ကစာသမားအဖြစ် သတ်မှတ်ခံထားရတာပါ။ 

မနေ့ညက ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲမှာတော့ အိုရီဂီက ပွဲချိန် ၆၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ နည်းပြ ယာဂန်ကလော့ပ်က အိုရီဂီကို ချီးကျူးခဲ့ပြီး မိမိထက် ပွဲကစားချိန်ပိုပေးတဲ့နည်းပြနဲ့ တွေ့ဆုံစေလိုကြောင်း ပြောခဲ့တာပါ။ 

“အိုရီဂီက သူရဲကောင်း တစ်ဦးဖြစ်ပြီး  အနိုင်ဂိုးသွင်းခဲ့တာက ခမ်းနားတဲ့စွမ်းဆောင်မှုပါ။ ကွဲပြားခြားနားတဲ့ အကြောင်းအရင်းတွေကြောင့် သူဟာ မကြာခဏ ပွဲကစားခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ ကျနော့်ထက်ပွဲကစားချိန်ပိုပေးတဲ့ နည်းပြနဲ့ ဆုံဖို့မျှော်လင့်ပါတယ်။ သူဟာ ကျနော်မြင်ဖူးသမျှ အကောင်းဆုံး အဆုံးသတ်ကစားသမားတစ်ဦးပါပဲ” လို့ ပွဲအပြီးမှာ နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

အိုရီဂီကတော့ အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီလိုပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်မိတယ်လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။ 

1 min Ago

May 5, 2020

ချန်ပီယံမဖြစ်ခဲ့ပါက အလွန်နာကျင်ရလိမ့်မည်ဟု လီဗာပူးတိုက်စစ်မှူး အိုရီဂီ ပြော

အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားသာ မရယူနိုင်ခဲ့ရင် အလွန်နာကျင်စရာကောင်းလိမ့်မယ်လို့ လီဗာပူးတိုက်စစ်မှူး အိုရီဂီက ပြောပါတယ်။  လီဗာပူးအသင်းဟာ ပွဲစဉ် ၂၉ အပြီးမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၂၅ မှတ်အထိ ဖြတ်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြိုင်ပွဲဖျက်သိမ်းလိုက်ရပြီး ချန်ပီယံဆုဖလား မရယူနိုင်ခဲ့ရင်တော့ နာကျင်စရာကောင်းလိမ့်မယ်လို့ အိုရီဂီက ပြောပါတယ်။ ဒါပေမယ့်လည်း  ဘဝမှာထိန်းချုပ်လို့မရနိုင်တဲ့ ကိစ္စတွေ ရှိစမြဲဖြစ်ပြီး ကျန်းမာရေးအတွက် လုံခြုံစိတ်ချရမှုက လက်ရှိအချိန်မှာ အရေးကြီးဆုံးဖြစ်တယ်လို့ အိုရီဂီကပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဆုဖလားရယူခဲ့စဉ်က အရေးပါတဲ့ ဂိုးတချို့သွင်းယူပေးခဲ့တဲ့ အိုရီဂီဟာ လစ်ဗာပူးနဲ့ ၂၀၂၄ ခုနှစ်အထိစာ ချုပ်ချုပ်ဆိုထားတာပါ။ အခုနှစ်ရာသီမှာစုစုပေါင်း ၃၆ ပွဲပါဝင်ကစားထားပေမယ့် ၁၀ ပွဲမှာပဲ ပွဲထွက်ကစာသမား စာရင်းမှာ ပါဝင်ခဲ့တာပါ။ လစ်ဗာပူးအသင်းဟာ ၁၉၈၉-၁၉၉၀ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း အမှတ်ပေးလိဂ် ချန်ပီယံဆုဖလားနဲ့ နှစ်ပေါင်း ၃၀ကြာ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ 
2 years Ago
Up