အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ တရားမဝင်ကစားသမား အသုံးပြုဖွယ်ရှိ တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပါတယ်။
အီကွေဒေါအသင်းဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ကာတာနိုင်ငံမှာ ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့တာပါ။
အုပ်စုအဆင့်ပွဲစဉ်တွေအနေနဲ့ ကာတာ၊ ဟော်လန်နဲ့ ဆီနီဂေါအသင်းတွေနဲ့ အတူ အုပ်စု A မှာ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ခြေစစ်ပွဲစဉ်တွေတုန်းက တရားမဝင်ကစားသမားတယောက် အသုံးပြုခဲ့တယ်လို့ ချီလီအသင်းက တိုင်ကြားထားလို့ စုံစမ်းစစ်ဆေးခံနေရတာပါ။
နောက်ဆုံးသတင်းတွေအရ အီကွေဒေါအသင်းအသုံးပြုခဲ့တဲ့ ညာနောက်ခံလူ ဘိုင်ယွန်ကတ်စ်တယ်လိုဟာ ကိုလံဘီယာမှာ မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပြီး အီကွေဒေါနိုင်ငံ ကိုယ်စားပြုကစားခဲ့ကြောင်း သက်သေအထောက်အထားတချို့တွေ့ရှိလာခဲ့တာပါ။
ကတ်စ်တယ်လိုဟာ အီကွေဒေါစီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။
သူဟာ ကိုလံဘီယာနိုင်ငံ တူမာကိုမြို့မှာမွေးခဲ့ပြီး အီကွေဒေါနိုင်ငံ ဆန်လိုရန်ဇိုကို ပြောင်းရွှေ့အခြေချခဲ့သူပါ။
ဒီကိစ္စအပေါ် ဖီဖာကဘက် ထုတ်ပြန်ကြေညာထား တာမျိုးမရှိသေးပါဘူး။ သတင်းတွေအတိုင်း ဖြစ်ခဲ့ရင်တော့ အီကွေဒေါအသင်းနေရာမှာ ချီလီအသင်းက အစားထိုးကစားခွင့်ရှိမှာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ အီကွေဒေါအသင်းကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဆုံးဖြတ်လိုက်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အီကွေဒေါ အသင်းဘက်က စည်းကမ်းနဲ့ မညီတဲ့ ဘောလုံးသမား တယောက် ပါဝင်ခဲ့လို့ဆိုပြီး ချီလီဘက်က ဖီဖာကို တိုင်တန်းတဲ့အမှုကို ဖီဖာက ဇွန် ၁၀ ရက်မှာ ပယ်ချလိုက်တာပါ။
အီကွေဒါအသင်းရဲ့ နောက်ခံလူ ကတ်စတီလိုဟာ ကိုလံဘီယာမှာမွေးဖွားခဲ့သူဖြစ်တာကြောင့် အီကွေဒါအသင်းအတွက် ကစားပေးရာမှာ တရားဝင်မှုမရှိကြောင်း ဖီဖာအဖွဲ့ကို ချီလီအသင်းတာဝန်ရှိသူတွေက တိုင်ကြားခဲ့တာပါ။
ဖီဖာကစစ်ဆေးအပြီးမှာတော့ တရားဝင်မှုရှိတယ်လို့ ဆုံးဖြတ်ခဲ့တာကြောင့် ချီလီအသင်းရဲ့တိုင် ကြားချက်ကအရာမထင်ဖြစ်ခဲ့ရတာပါ။
ဖီဖာရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်ဖက်စလုံးက တင်ပြတဲ့ အချက်တွေကို လေ့လာသုံးသပ်ပြီးနောက် ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ချီလီဘက်က တိုင်ကြားထားတဲ့အမှုကို ဆက်လက် စစ်ဆေးတော့မှာ မဟုတ်ဘဲ လုံး၀ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အီကွေဒေါအသင်းဟာ တောင်အမေရိက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၄ နေရာရပ်တည်နိုင်ခဲ့လို့ ကမ္ဘာ့ဖလားဝင်ခွင့်ရရိခဲ့တာဖြစ်ပါတယ်။
တိုင်ကြားခဲ့တဲ့ ချီလီအသင်းက တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့လို့ ကိုလံဘီယာအသင်းနဲ့အတူ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။
အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ နယ်သာလန်နဲ့ ဆီနီဂေါအသင်းတွေနဲ့အတူ တွေ့ဆုံနေပါတယ်။