တရားမဝင်ကစားသမားအသုံးပြုသဖြင့် အီကွေဒေါအသင်း ကမ္ဘာ့ဖလားမှ ထုတ်ပယ်ခံရနိုင်

အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ တရားမဝင်ကစားသမား အသုံးပြုဖွယ်ရှိ တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပါတယ်။
အီကွေဒေါအသင်းဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ကာတာနိုင်ငံမှာ ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့တာပါ။
အုပ်စုအဆင့်ပွဲစဉ်တွေအနေနဲ့ ကာတာ၊ ဟော်လန်နဲ့ ဆီနီဂေါအသင်းတွေနဲ့ အတူ အုပ်စု A မှာ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ခြေစစ်ပွဲစဉ်တွေတုန်းက တရားမဝင်ကစားသမားတယောက် အသုံးပြုခဲ့တယ်လို့ ချီလီအသင်းက တိုင်ကြားထားလို့ စုံစမ်းစစ်ဆေးခံနေရတာပါ။
နောက်ဆုံးသတင်းတွေအရ အီကွေဒေါအသင်းအသုံးပြုခဲ့တဲ့ ညာနောက်ခံလူ ဘိုင်ယွန်ကတ်စ်တယ်လိုဟာ ကိုလံဘီယာမှာ မွေးဖွားခဲ့သူဖြစ်ပြီး နိုင်ငံကူးလက်မှတ်အတုပြုလုပ်ပြီး အီကွေဒေါနိုင်ငံ ကိုယ်စားပြုကစားခဲ့ကြောင်း သက်သေအထောက်အထားတချို့တွေ့ရှိလာခဲ့တာပါ။
ကတ်စ်တယ်လိုဟာ အီကွေဒေါစီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။
သူဟာ ကိုလံဘီယာနိုင်ငံ တူမာကိုမြို့မှာမွေးခဲ့ပြီး အီကွေဒေါနိုင်ငံ ဆန်လိုရန်ဇိုကို ပြောင်းရွှေ့အခြေချခဲ့သူပါ။
ဒီကိစ္စအပေါ် ဖီဖာကဘက် ထုတ်ပြန်ကြေညာထား တာမျိုးမရှိသေးပါဘူး။ သတင်းတွေအတိုင်း ဖြစ်ခဲ့ရင်တော့ အီကွေဒေါအသင်းနေရာမှာ ချီလီအသင်းက အစားထိုးကစားခွင့်ရှိမှာဖြစ်ပါတယ်။