close

အီဂျစ်

close

April 29, 2023

အီဂျစ်၌ ရောမခေတ်က ဗုဒ္ဓရုပ်ပွားပုံတော် တွေ့ရှိ

ပိုလန်-အမေရိကန် မစ်ရှင်တခုက‌ ‌ ရှေးဟောင်းဘုရားကျောင်းတခုကို တူးဖော်တဲ့နေရာမှာ အီဂျစ်နိုင်ငံ ပင်လယ်နီမှာရှိတဲ့ ဘယ်ရန်နိစ်ဆိပ်ကမ်းမှာ ရောမခေတ်က ဗုဒ္ဓရုပ်ပွားတော်ကို တွေ့ရှိခဲ့တယ်လို့ ရှေးဟောင်းဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတွေ့ရှိမှုဟာ ရောမခေတ်အတွင်း အီဂျစ်နဲ့ အိန္ဒိယအကြား ကုန်သွယ်ရေး အဆက်အဆံအတွက် အရေးကြီးတဲ့ အချက်အဆက်တွေ ရှိနေတယ်လို့ အီဂျစ် ရှေးဟောင်းအမွေအနှစ်ကောင်စီ အကြီးအကဲ မိုစတာဖာ အယ်ဝါဇီရီက ပြောပါတယ်။

ရုပ်ပွားတော်ဟာ ညာဘက်ခြမ်းနဲ့ ညာဘက်ခြေထောက် ပျောက်ဆုံးနေပြီး အမြင့် ၇၁ စင်တီမီတာ (၂၈ လက်မ) ရှိကာ ရုပ်ပွားတော်ရဲ့ ဦးခေါင်းပတ်လည်မှာ ထီးဆောင်းထားပြီး နံဘေးမှာ ကြာပွင့်တပွင့်ကို ပုံဖော်ထားပါတယ်။

ဘယ်ရန်နိစ်ဆိပ်ကမ်းဟာ ရောမခေတ် အီဂျစ်နိုင်ငံမှာရှိတဲ့ အကြီးဆုံးဆိပ်ကမ်းတွေထဲက တခုဖြစ်ပြီး ဟင်းခတ်အ‌မွှေးအကြိုင်‌တွေ၊ အဖိုးတန်ကျောက်မျက်ရတနာ၊ အထည်အလိပ်‌နဲ့ ဆင်စွယ်တွေ သယ်ဆောင်တဲ့ အိန္ဒိယသ‌င်္ဘောတွေအတွက် မကြာခဏဝင်ထွက်တဲ့ နေရာဖြစ်ကြောင်း ဝါဇီရီက ပြောပါတယ်။

ဝေဖန်သူတွေကတော့ ခက်ခဲတဲ့ သုတေသနတွေထက် မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်မယ့် တူးဖော်မှုတွေကိုပဲ ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အစိုးရက ကပ်ရောဂါမဖြစ်ပွားခင်က ခရီးသွားဦးရေ ၁၃ သန်းထက် ၂၀၂၈ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား သန်း ၃၀ ကို ဆွဲဆောင်ဖို့ စီစဉ်ထားပါတယ်။

Source -AFP

7 mins Ago

January 28, 2023

အီဂျစ်တွင် နှစ် ၄၀၀၀ ကျော်က ဖာရိုဘုရင်ဂူသင်္ချိုင်း တွေ့ရှိ

အီဂျစ်နိုင်ငံမြို့တော် နှစ်ပေါင်း ၄၃၀၀ ကြာ အလုံပိတ်ထားတဲ့ ဖာရိုဘုရင်ခေတ်က ဂူသင်္ချိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့  ကိုင်ရိုမြို့ တောင်ဘက် ၂၀ ကီလိုမီတာ အကွာအဝေးရှိ ဆာခါရာ အီဂျစ်ကျေးရွာရှိ ရှေးဟောင်းသင်္ချိုင်းတူးဖော်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဇာဟီဟာဝက်စ် က ပြောပါတယ်။ 

သင်္ချိုင်းဂူတစ်ခုအတွင်းမှာ မမ်မီရုပ်အလောင်းတခုကို တွေ့ရှိခဲ့ရပြီး လတ်တလော တွေ့ရှိထားတဲ့ ဆာခါရာရှိ လှေကားထစ်ပိရမစ်အနီးက ပဉ္စမနဲ့ဆဋ္ဌမမြောက် အီဂျစ်မင်းဆက်ဂူသင်္ချိုင်းတွေရဲ့ တိုင်အောက်ခြေ ၁၅ မီတာအနက်မှာ တွေ့ရှိခဲ့တာ ဖြစ်ကြောင်း ဟာဝက်စ်က ဆိုပါတယ်။

ဟီကာရှီပက်စ်အမည်ရ အမျိုးသားတစ်ဦးရဲ့ ဒီမမ်မီရုပ်အလောင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက်က မူလမြှုပ်နှံထားတဲ့အတိုင်း အင်္ဂတေနဲ့ အလုံပိတ်ထားတဲ့  ထုံးကျောက် ခေါင်းတလားထဲမှာ ရှိနေတာပါ။ 

အဲဒီနေရာမှာတွေ့ရတဲ့ တခြားသင်္ချိုင်းဂူတွေထဲက တခုမှာ စတုတ္ထမြောက် ဖာရိုဘုရင်ကို ဆက်ခံတဲ့ သားဖြစ်သူ ဂျဲဒယ်ဖှရာ အပြင် စစ်ဆေးရေးအရာရှိတွေ၊ မှူးကြီးမတ်ရာတွေနဲ့ ပဉ္စမမင်းဆက် နောက်ဆုံးဖာရိုဘုရင် ယူနက်စ် လက်ထက်က ယဇ်ပုရောဟိတ်တို့ရဲ့ ခေါင်းတလားတွေကို တွေ့ရှိခဲ့ပါတယ်။ 

အဲဒီဂူသင်္ချိုင်းနေရာမှာ နေ့စဉ်လူနေမှုဘဝမြင်ကွင်းတွေနဲ့ အလှဆင်ထားပါတယ်။ ဒါ့အပြင် နန်းတော်ခေါင်းဆောင်ကြီးရဲ့ လက်ထောက်ဖြစ်ပြီး လျှို့ဝှက်ချက်တွေကိုလည်း ထိန်းသိမ်းပေးရတဲ့ မီရီရဲ့ အုတ်ဂူကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဂူသင်္ချိုင်းတွေကြားမှာ ရုပ်တုအမြောက်အမြား ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

3 months Ago
Up