close

အီဂျစ်တွင် နှစ် ၄၀၀၀ ကျော်က ဖာရိုဘုရင်ဂူသင်္ချိုင်း တွေ့ရှိ

အီဂျစ်နိုင်ငံမြို့တော် နှစ်ပေါင်း ၄၃၀၀ ကြာ အလုံပိတ်ထားတဲ့ ဖာရိုဘုရင်ခေတ်က ဂူသင်္ချိုင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့  ကိုင်ရိုမြို့ တောင်ဘက် ၂၀ ကီလိုမီတာ အကွာအဝေးရှိ ဆာခါရာ အီဂျစ်ကျေးရွာရှိ ရှေးဟောင်းသင်္ချိုင်းတူးဖော်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဇာဟီဟာဝက်စ် က ပြောပါတယ်။ 

သင်္ချိုင်းဂူတစ်ခုအတွင်းမှာ မမ်မီရုပ်အလောင်းတခုကို တွေ့ရှိခဲ့ရပြီး လတ်တလော တွေ့ရှိထားတဲ့ ဆာခါရာရှိ လှေကားထစ်ပိရမစ်အနီးက ပဉ္စမနဲ့ဆဋ္ဌမမြောက် အီဂျစ်မင်းဆက်ဂူသင်္ချိုင်းတွေရဲ့ တိုင်အောက်ခြေ ၁၅ မီတာအနက်မှာ တွေ့ရှိခဲ့တာ ဖြစ်ကြောင်း ဟာဝက်စ်က ဆိုပါတယ်။

ဟီကာရှီပက်စ်အမည်ရ အမျိုးသားတစ်ဦးရဲ့ ဒီမမ်မီရုပ်အလောင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက်က မူလမြှုပ်နှံထားတဲ့အတိုင်း အင်္ဂတေနဲ့ အလုံပိတ်ထားတဲ့  ထုံးကျောက် ခေါင်းတလားထဲမှာ ရှိနေတာပါ။ 

အဲဒီနေရာမှာတွေ့ရတဲ့ တခြားသင်္ချိုင်းဂူတွေထဲက တခုမှာ စတုတ္ထမြောက် ဖာရိုဘုရင်ကို ဆက်ခံတဲ့ သားဖြစ်သူ ဂျဲဒယ်ဖှရာ အပြင် စစ်ဆေးရေးအရာရှိတွေ၊ မှူးကြီးမတ်ရာတွေနဲ့ ပဉ္စမမင်းဆက် နောက်ဆုံးဖာရိုဘုရင် ယူနက်စ် လက်ထက်က ယဇ်ပုရောဟိတ်တို့ရဲ့ ခေါင်းတလားတွေကို တွေ့ရှိခဲ့ပါတယ်။ 

အဲဒီဂူသင်္ချိုင်းနေရာမှာ နေ့စဉ်လူနေမှုဘဝမြင်ကွင်းတွေနဲ့ အလှဆင်ထားပါတယ်။ ဒါ့အပြင် နန်းတော်ခေါင်းဆောင်ကြီးရဲ့ လက်ထောက်ဖြစ်ပြီး လျှို့ဝှက်ချက်တွေကိုလည်း ထိန်းသိမ်းပေးရတဲ့ မီရီရဲ့ အုတ်ဂူကိုလည်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဂူသင်္ချိုင်းတွေကြားမှာ ရုပ်တုအမြောက်အမြား ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

Up