close

အီတလီနိုင်ငံသား

close

November 6, 2022

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အီတလီနိုင်ငံသားများ ဆန္ဒပြ

စစ်မတိုက်ဖို့နဲ့  ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အီတလီနိုင်ငံသားတွေ နိုဝင်ဘာ ၅ ရက်က လမ်းတွေ ပေါ်ထွက်ရင်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရောမမြို့တော်ရှိ ပြာဇာဒေလာရီပတ်ဗလစ်ကာ ရင်ပြင်မှာ ထောင်ချီတဲ့လူတွေဟာ ယူကရိန်း စစ်ပွဲကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ သက်တံ့အလံတွေကို ဝှေ့ယမ်းရင်း  ပဋိပက္ခအားလုံးကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

"ဥရောပမှာ နှစ်အတော်ကြာ စစ်မကြုံခဲ့ရလို့ ငြိမ်းချမ်းရေးအတွက် လမ်းတွေပေါ်ထွက်ပြီး တောင်းဆိုရမယ်လို့ မထင်ခဲ့ဘူး" လို့ အီတလီ အလယ်ပိုင်း ရီအေတီမြို့က အသက် ၂၁ နှစ်အရွယ် လူကာ ကိုရာဇာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“စစ်ပွဲဆိုတာ ဒီနေ့ခေတ်မှာ ကျင်လည်နေတဲ့ သရဲတစ္ဆေဖြစ်ပြီး အခု ဥရောပရဲ့ အလယ်ဗဟိုမှာ စစ်ပွဲတွေ အရင်ကထက် ပိုတွေ့ရပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။

"တယောက်ချင်းစီက ကိုယ့်အကျိုးစီးပွားကို တွေးနေမယ့်အစား၊ ကမ္ဘာကြီးတစ်ခုပဲရှိတာကို အစိုးရတွေက သဘောပေါက်ပြီး ငါတို့က ကာကွယ်ရမယ်" လို့ ဆန္ဒပြသူ ဗင်စန်ဇို ပပ်ပါဂါလိုမြို့က မော်ဖက်တာက ပြောပါတယ်။

အီတလီအစိုးရသစ်ဟာ ယူကရိန်းအစိုးရကို ထောက်ခံဖို့ အကြိမ်ကြိမ် ကတိပြုခဲ့ပြီး ညွန့်ပေါင်း မဟာမိတ်တွေဖြစ်တဲ့ ဆယ်လ်ဗီယို ဘာလူစကိုနီနဲ့ မတ်တီယို ဆယ်လ်ဗီနီတို့ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သမိုင်းဝင်ဆက်ဆံရေးကြောင့် ယူကရိန်း ပြဿနာအပေါ် စိတ်မ၀င်စား ကြပါဘူး။ 

7 mins Ago

July 11, 2021

ဟွန်ဒူးရပ်စ်တွင် အီတလီနိုင်ငံသား ၁ ဦးကို လူအုပ်စုက ဝိုင်းဝန်းရိုက်နှက်သတ်ဖြတ်

ဟွန်ဒူးရပ်စ်နိုင်ငံမှာ အိုးအိမ်မဲ့ တစ်ဦးအပေါ် လူသတ်မှုကျူးလွန်ခဲ့တဲ့ အီတလီအမျိုးသားကို ရပ်ရွာလူအုပ်ကဝိုင်းဝန်းရိုက်နှက်တိုက်ခိုက်မှုကြောင့် အဲဒီအီတလီ အမျိုးသား သေဆုံးသွားပြီးနောက် ဟွန်ဒူးရပ်စ်ရဲတွေက လူအုပ်ထဲက သံသယရှိသူ ၅ ဦးကို ဇူလိုင် ၉ ရက်က ဖမ်းဆီးလိုက်ပါတယ်။ 

ဟွန်ဒူးရပ်စ်တောင်ပိုင်းက ဆန်တာအန်နာဒီရက်စ်ဂူရီမြို့မှာ အသက် ၆၅ နှစ်အရွယ် အီတလီနိုင်ငံသား ဂျော်ဂျီရိုစကာနူဟာ ဇူလိုင် ၇ ရက်က သူ့နေအိမ်ဥယျာဉ်ရှိ အလှဆင်စိုက်ပျိုးထားတဲ့ သစ်ပင်ပန်းပင်တွေကို ပျက်စီးသွားလို့ဆိုပြီး အသက် ၇၈ နှစ်အရွယ် အိုးမဲ့အိမ်မဲ့ လူတစ်ဦးကို သတ်ပစ်လိုက်တာကြောင့် မခံမရပ်နိုင်တဲ့ လူစုလူဝေး ထွက်လာတာလို့ ဒေသခံတွေရဲ့ တိုင်ကြားချက်တွေအရ သိရှိရပါတယ်။ 

ရွာလူထု ၆၀၀ လောက်ဟာ ဇူလိုင် ၈ ရက်မှာတော့  ဂျော်ဂျီရိုစကာနူရဲ့ နေအိမ်ကို ကျောက်ခဲတွေ၊ တုတ်တွေ၊ ဓားတွေနဲ့ ဝင်ရောက်ပစ်ခတ် ရိုက်နှက် တိုက်ခိုက်ခဲ့တာမှာ  နေအိမ်နဲ့ ကားမီးရှို့ခံရပြီး စကာနူလည်း သေဆုံးခဲ့ တယ်လို့ လုံခြုံရေး၀န်ကြီးဌာနက ပြောပါတယ်။ 

ဒီကျေးလက်မြို့မှာ နေထိုင်တဲ့ အငြိမ်းစား အင်ဂျင်နီယာ စကာနူမှာ ဟွန်ဒူးရပ်စ်လူမျိုးဇနီးနဲ့ ကလေး ၂ ယောက်ရှိပြီး သူတို့တွေကတော့ ဟွန်ဒူးရပ်စ်ရဲ့မြို့တော် တီဂူစီဂလ်ပါမှာ နေကြတယ်လို့ သိရပါတယ်။ 

စကာနူကို သတ်မှုနဲ့ဖမ်းထားတဲ့ ၅ ယောက်ဟာ  အသက် ၁၉ နှစ်ကနေ ၅၅ နှစ်အကြား အရွယ်တွေဖြစ်ပြီး သူ့ကို လူအုပ်စုနဲ့ ဝိုင်းရိုက်နှက်သတ်ဖြတ်သူတွေထဲက ကျန်တဲ့သူတွေကိုလည်း ရှာဖွေနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  အဲဒီအချိန်က ရဲတွေလည်း ရှိနေပေမဲ့ လူအုပ်ကြီးကို မထိန်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။  

1 year Ago
Up