ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အီတလီနိုင်ငံသားများ ဆန္ဒပြ

စစ်မတိုက်ဖို့နဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အီတလီနိုင်ငံသားတွေ နိုဝင်ဘာ ၅ ရက်က လမ်းတွေ ပေါ်ထွက်ရင်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ရောမမြို့တော်ရှိ ပြာဇာဒေလာရီပတ်ဗလစ်ကာ ရင်ပြင်မှာ ထောင်ချီတဲ့လူတွေဟာ ယူကရိန်း စစ်ပွဲကို ဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ သက်တံ့အလံတွေကို ဝှေ့ယမ်းရင်း ပဋိပက္ခအားလုံးကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။
"ဥရောပမှာ နှစ်အတော်ကြာ စစ်မကြုံခဲ့ရလို့ ငြိမ်းချမ်းရေးအတွက် လမ်းတွေပေါ်ထွက်ပြီး တောင်းဆိုရမယ်လို့ မထင်ခဲ့ဘူး" လို့ အီတလီ အလယ်ပိုင်း ရီအေတီမြို့က အသက် ၂၁ နှစ်အရွယ် လူကာ ကိုရာဇာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“စစ်ပွဲဆိုတာ ဒီနေ့ခေတ်မှာ ကျင်လည်နေတဲ့ သရဲတစ္ဆေဖြစ်ပြီး အခု ဥရောပရဲ့ အလယ်ဗဟိုမှာ စစ်ပွဲတွေ အရင်ကထက် ပိုတွေ့ရပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
"တယောက်ချင်းစီက ကိုယ့်အကျိုးစီးပွားကို တွေးနေမယ့်အစား၊ ကမ္ဘာကြီးတစ်ခုပဲရှိတာကို အစိုးရတွေက သဘောပေါက်ပြီး ငါတို့က ကာကွယ်ရမယ်" လို့ ဆန္ဒပြသူ ဗင်စန်ဇို ပပ်ပါဂါလိုမြို့က မော်ဖက်တာက ပြောပါတယ်။
အီတလီအစိုးရသစ်ဟာ ယူကရိန်းအစိုးရကို ထောက်ခံဖို့ အကြိမ်ကြိမ် ကတိပြုခဲ့ပြီး ညွန့်ပေါင်း မဟာမိတ်တွေဖြစ်တဲ့ ဆယ်လ်ဗီယို ဘာလူစကိုနီနဲ့ မတ်တီယို ဆယ်လ်ဗီနီတို့ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သမိုင်းဝင်ဆက်ဆံရေးကြောင့် ယူကရိန်း ပြဿနာအပေါ် စိတ်မ၀င်စား ကြပါဘူး။