close

အီဗရာဟီမိုဗစ်

close

March 16, 2023

ဆွီဒင်လက်ရွေးစင်အသင်းတွင် အသက် ၄၁ နှစ်ရှိ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ပြန်ရွေးချယ်

ဆွီဒင်လက်ရွေးစင်ဘောလုံးအသင်းရဲ့ လူစာရင်းထုတ်ပြန်ခဲ့ရာမှာ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ အေစီမီလန် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

ဆွီဒင်အသင်းဟာ ယူရိုခြေစစ်ပွဲစဉ်တွေအဖြစ် ဘယ်လ်ဂျီယံ၊ အဇာဘိုင်ဂျန်အသင်းတွေနဲ့ ဒီလထဲမှာကစားရမှာပါ။

အေစီမီလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ဒူးဒဏ်ရာကြောင့် ကာလအတော်ကြာအနားယူခဲ့ရသူဖြစ်ပြီး ကလပ်အသင်းမှာလည်း ခြေစွမ်းမပြနိုင်သေးပေမဲ့ ဆွီဒင်နည်းပြ အန်ဒါဆန်ကရွေးချယ်ခဲ့တာပါ။

မိုဗစ်ကို ပွဲထွက် လူစာရင်းမှာပါဝင်စေမှာမဟုတ်ဘဲ လူစားဝင်ကစားသမားအဖြစ် အသုံးပြုမှာဖြစ်တယ်လို့ ဆွီဒင် နည်းပြက ပြောထားပါတယ်။

မိုဗစ်ဟာ ဆွီဒင်အသင်းသမိုင်းတလျှောက် ဂိုးအများဆုံးကစားသမားဖြစ်ပြီး စုစုပေါင်း ၁၂၁ ပွဲမှာ ၆၂ ဂိုးသွင်းယူပေးထားပါတယ်။

5 mins Ago

March 24, 2022

“အနားယူလိုက်မယ်ဆိုရင် အကြီးမားဆုံးဝမ်းနည်းမယ့်သူတွေက ပရိသတ်တွေ ဖြစ်ပါလိမ့်မယ်” - အီဗရာဟီမိုဗစ်

ကစားသမားဘဝကနေ အနားယူလိုက်မယ်ဆိုရင် ပရိသတ်တွေအတွက် ပိုပြီးဝမ်းနည်းစရာကောင်းလိမ့်မယ်လို့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကပြောပါတယ်။ 

ဆွီဒင်တိုက်စစ်မှူးဟာ အသက်  ၄၀ ကျော်ရှိလာပြီဖြစ်ပေမယ့် စီးရီးအေကလပ် အေစီမီလန်မှာ ခြေစွမ်းပြသနေဆဲဖြစ်ပါတယ်။ 

မိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်အတွက် ၁၅ ဂိုးသွင်းခဲ့သလို အခုနှစ်ရာသီမှာလည်း စီးရီးအေမှာ ၈ ဂိုးသွင်းယူထားပါတယ်။ 

ကစားသမားဘဝကနေ အနားယူရမှာကို ထိတ်လန့်နေသေးလို့ ကစားနိုင်သမျှ ဆက်ပြီး ကစားသွားဦးမယ်လို့ မိုဗစ်ကပြောပါတယ်။ 

ကစားသမားဘဝကနေ အနားယူလိုက်မယ်ဆိုရင် ထူးဆန်းတဲ့ ခံစားမှုဖြစ်သွားနိုင်ပေမယ့် ပရိသတ်တွေအတွက်က ပိုပြီးဝမ်းနည်းစရာဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ 

“ကျနော်အနားယူလိုက်မယ်ဆိုရင် အကြီးမားဆုံးဝမ်းနည်းမယ့်သူတွေက ပရိသတ်တွေဖြစ်ပါလိမ့်မယ်။ ကျနော်ကစားတာကို ထပ်ပြီး ကြည့်ရူနိုင်တော့မှာမဟုတ်ဘူး။ အနားယူလိုက်ရင် ကျနော့်ကို ထပ်ပြီးမြင်တွေ့ခွင့်ရှိတော့မှာမဟုတ်တဲ့အတွက် ဒီလိုအချိန်ရခိုက်မှာ ကျနော့်ကို ပျော်ရွှင်စွာအားပေးသင့်တယ်” လို့ အီဗရာဟီမိုဗစ်က ပြောပါတယ်။

အီဗရာဟီမိုဗစ်ဟာ  ၁၉၉၉ ခုနှစ်က ဆွီဒင်ကလပ် မယ်လ်မိုကနေ ကစားသမားဘဝစတင်ခဲ့ပြီး အေဂျက်ဇ်၊ ဂျူဗင်တပ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ပီအက်စ်ဂျီ၊ မန်ယူနိုက်တက်နဲ့ မေဂျာလိဂ်ကလပ်တွေမှာ  ပြောင်းရွှေ့ကစားခဲ့ပါတယ်။

12 months Ago
Up