သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးလိုက်လျောညီထွေရှိတဲ့ စီးပွားရေးကို တွန်းအားပေး အရှိန်မြှင့်ဖို့ ရန်ပုံငွေအသစ်အနေနဲ့ ယူရိုငွေ ၁၅ ဘီလီယံ သုံးမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းက ဇွန် ၂၉ ရက်မှာ ကတိပြုလိုက်ပါတယ်။
ပြိုင်ဘက်နဲ့ သူ့ပါတီက ဒေသန္တရရွေးကောက်ပွဲတွေအတွင်း အပြတ်အသတ် အနိုင်ရပြီး အဓိကမြို့ကြီးတွေကို ထိန်းချုပ်နိုင်ခဲ့အပြီးမှာ ခုလို ကတိပြုခဲ့တာပါ။
သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ မူဝါဒတွေ ချမှတ်တာကို ပိုမြန်မြန် လှုပ်ရှားမယ်။ တကယ်လို့ လွှတ်တော်က ခွင့်ပြုရင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်တွေ ပါလာဖို့ အခြေခံဥပဒေကို ပြန်သုံးသပ်ဖို့ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို ကျင်းပဖို့ အဆင်သင့်ပဲလို့လည်း မက်ခွန်းက ပြောပါတယ်။
“စီးပွားရေးရဲ့ နှလုံးသားထဲမှာ ဂေဟစနစ်ကို စွဲမှတ်ထားစေရေး အားထုတ်တဲ့အနေနဲ့ ကနေဒါနဲ့ အတူ ပြည့်စုံကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို အကဲဖြတ်ဖို့ ဆက်လုပ်မယ်။ မာကိုဆာ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ ပတ်သက်သမျှ ညှိနှိုင်းမှုအားလုံးကို ပြင်သစ်က ရပ်တံ့ခဲ့ပြီးပြီ” လို့လည်း မက်ခွန်းက ဆက်ပြောပါတယ်။
ပြင်သစ်ရဲ့ ဂေဟစနစ် အသွင်ကူးပြောင်းရေးပန်းတိုင်ကို အဆင့်မြှင့်ဖို့ နွေရာသီကုန်ချိန်မှာ သဘာဝပတ်ဝန်းကျင် ဥပဒေမူကြမ်းကို ရေးဆွဲပြီး လွှတ်တော်အမတ်တွေဆီမှာ တင်ပြမယ်လို့လည်း သူက ဆက်ပြောပါတယ်။
မက်ခွန်းရဲ့ လက်ရှိအာဏာရပါတီဟာ တနင်္ဂနွေ ရွေးကောက်ပွဲမှာ မြို့ကြီးတမြို့မှာမှ အောင်ပွဲမရခဲ့လို့ ဒေသန္တရသြဇာ အခြေခံကင်းမဲ့တာကို ပြနေခဲ့ပါတယ်။
2 years Ago