ပြင်သစ်သမ္မတနှင့် ဆွေးနွေးပွဲ အနှစ်သာရရှိဟု ရုရှားသမ္မတပူတင် ပြော

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းနဲ့ ဖေဖော်ဝါရီ ၇ ရက်က ဆွေးနွေးပွဲဟာ နောက်ထပ် ပူးတွဲခြေလှမ်းတွေအတွက် အခြေခံဖြစ်နိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောလိုက်ပါတယ်။
ပြင်သစ်သမ္မတနဲ့ ဆွေးနွေးပွဲတွေအပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်းမှာ “ပြင်သစ်သမ္မတ မက်ခွန်းနဲ့ ဆွေးနွေးရတာ အသုံးဝင်တယ် အနှစ်သာရရှိပြီး စီးပွားရေးလုပ်ငန်းနဲ့ တူတယ်၊ ဥရောပလုံခြုံရေး စိုးရိမ်နေတဲ့ မက်ခွန်းရဲ့ အတွေးအခေါ်တချို့က လက်တွေ့ကျတယ်” လို့လည်း ပူတင်က ပြောပါတယ်။
မက်ခွန်းနဲ့ ယူကရိန်း ခေါင်းဆောင်အကြား ဆွေးနွေးပွဲတွေ ပြီးတဲ့အခါမှာ မက်ခွန်းနဲ့ ပူတင်တို့ ဖုန်းနဲ့ စကားပြောဦးမယ်လို့လည်း ပူတင်က ပြောပါတယ်။