close

အီရန်ဆန္ဒပြပွဲ

close

January 8, 2023

အီရန်ဆန္ဒပြပွဲအတွင်း လုံခြံရေးတပ်ဖွဲ့ဝင်အား သတ်မှုဖြင့် အမျိုးသား ၂ ဦးကို သေဒဏ်ပေး

အီရန်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တဦးအား သတ်ဖြတ်မှုနဲ့ အီရန် အမျိုးသား နှစ်ဦးကို ဇန်နဝါရီ ၇ ရက်က ကြိုးမိန့်သေဒဏ် စီရင်လိုက်ပါတယ်။ 

အသက် ၂၂ နှစ်အရွယ် ကာ့ဒ်လူမျိုး အီရန်အမျိုးသမီး မာဆာအမာနီ အဖမ်းခံရပြီး စက်တင်ဘာ ၁၆ ရက်က သေဆုံးပြီးနောက် နိုင်ငံတလွှား ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

ဇန်နဝါရီ ၇ ရက်က အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ ဗွီဒီယိုဖိုင်မှာ မိုဟာမက် မီဒီကာမီနဲ့ စီယဒ် မိုဟာမက် ဟိုစိန်နီတို့ နှစ်ဦးအား တရားခံအဖြစ် ဒီဇင်ဘာ ၂၀၂၂ ခုနှစ် တရားရုံးကြားနာမှုအတွင်း သက်သေပြခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ အယ်လ်ဘာဆစ်ချ် အရံပြည်သူ့စစ် အဖွဲ့ဝင် ရူဟူလာ အဂျာမိန်းကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ဗွီဒီယိုမှာ အသတ်ခံ ပြည်သူ့စစ်ရဲ့ မိသားစုလို့ ဖော်ပြထားတဲ့ ဝမ်းနည်းပူဆွေးသူတွေကို မသင်္ဂြိုဟ်ခင် ခေါင်းတလားတစ်ဝိုက်မှာ စုရုံးနေကြတာ ကို ပြသခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေဟာ ဆန္ဒပြသူတွေကို ခြိမ်းခြောက်ဖို့ ရည်ရွယ်ထားတဲ့ အတုအယောင် စမ်းသပ်မှုတွေအဖြစ် တခြား ၂၆ ဦးထက်မနည်းတဲ့လူတွေကို သေဒဏ်ပေးဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံရသူအားလုံးဟာ လုံလောက်တဲ့ ခုခံကာကွယ်ခွင့်နဲ့ သူတို့ရွေးချယ်တဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်ကို ငြင်းပယ်ခံထားရတယ်လို့လည်း ဆိုပါတယ်။

စွပ်စွဲခံတွေဟာ သူတို့ကိုယ် သူတို့ ခုခံကာကွယ်ဖို့ နည်းနည်းပဲ လုပ်တဲ့ အစိုးရက ခန့်အပ်တဲ့ ရှေ့နေတွေကို အားကိုးရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောခဲ့ပါတယ်။

နှိပ်စက်ပြီး ဝန်ခံခိုင်းတယ်ဆိုတဲ့ စွဲချက်ကို အီရန်အစိုးရက ငြင်းထားပါတယ်။

33 seconds Ago

December 8, 2022

အီရတ်လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြပွဲကို ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်လူစုခွဲ

အီရတ်လုံခြုံရေးတပ်ဖွဲ့တွေဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကို လူစုခွဲဖို့ ကျည်ဆန်အစစ်တွေကို အသုံးပြုလာပြီးနောက်မှာ ဒီဇင်ဘာ ၇ ရက်က တောင်ပိုင်းရှိ နက်ဆီရီယာမြို့မှာ ဆန္ဒပြသူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ဆေးဖက်ဝန်ထမ်း သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို တံတားတွေနဲ့ ဗဟိုရင်ပြင်ကနေ ဝေးရာကို ရွှေ့ဖို့ ကြိုးစားတဲ့အခါ အဓိကအားဖြင့် ကျည်ဆန်အစစ်တွေကြောင့် ဆန္ဒပြသူ ၁၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ အနည်းဆုံး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းမှာ လူအုပ်စုက ဆေးရုံရဲ့ရေခဲတိုက်အပြင်ဘက်မှာ စုရုံးလာကြပြီး အလောင်းနှစ်လောင်းကို ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

အဓိကအားဖြင့် ရှီးယိုက်တွေရဲ့ မြို့ဖြစ်တဲ့ နက်ဆီရီယာမှာ တက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားတဲ့ လတ်တလော ဖမ်းဆီးခံရမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြမှုတွေမှာ လူ ၃ ထောင်လောက် ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာလက ၀န်ကြီးချုပ် မိုဟာမက် ရှီယာအလ်ဆူဒါနီက အစိုးရသစ် ဖွဲ့ပြီးနောက်ပိုင်း အခုလို လူအသေအပျောက်များတဲ့ ဆန္ဒပြပွဲ ပထမဆုံးဖြစ်ပွားခဲ့တာပါ။

1 month Ago
Up