မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အီလန်ဂါကို အဲဗာတန်အသင်းကခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၀ အရွယ် ဆွီဒင်ကြယ်ပွင့်ဟာ အခုနှစ်ရာသီမှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတာပါ။ ပွဲတချို့မှာလည်း သူ့နေရာမှာ လူငယ်ကစားသမား ဂါနာချိုကိုသာ နည်းပြက ထည့်သွင်းအသုံးပြုမှုတွေရှိပါတယ်။
အဲဗာတန်အသင်းဟာ တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာ တော့တာကြောင့် တိုက်စစ်ပိုင်းဖြည့်တင်းတဲ့အနေနဲ့ အီလန်ဂါကို အငှားစာချုပ်နဲ့ခေါ်ယူလိုနေတာပါ။
အီလန်ဂါဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိပွဲစဉ် ၁၀ပွဲ ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မန်ယူလူငယ်တိုက်စစ်မှူး အီလန်ဂါဟာ ဆွီဒင်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ အီလန်ဂါဟာ ကလပ်အသင်းအတွက် စုစုပေါင်း ၁၈ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
အသက် ၁၉ နှစ်ရှိ အီလန်ဂါဟာ ဆွီဒင် ယူ-၂၁ အသင်းမှာလည်း ၇ ပွဲကစားပြီး ၆ ဂိုးသွင်းခဲ့ကာ ကလပ်အသင်းမှာလည်း ခြေစွမ်းပြခဲ့တာကြောင့် လက်ရွေးစင်အသင်းကြီးရဲ့ ခေါ်ယူခံခဲ့ရတာပါ။
အီလန်ဂါ နဲ့ အမြဲတမ်း ဆက်သွယ်စကားပြောဆိုခဲ့ပြီး သူဟာ ယူ-၂၁ အသင်းမှာရော မိခင်ကလပ် ယူနိုက်တက်မှာပါ ကောင်းမွန်တဲ့ခြေစွမ်း ပြသခဲ့ကြောင်း၊ အသင်းကြီးမှာ သူ့ကို ခေါ်ယူခဲ့တဲ့အပေါ် ဝမ်းသာပျော်ရွှင်မိကြောင်း ဆွီဒင်လက်ရွေးစင်နည်းပြ အန်ဒါဆန်က ပြောပါတယ်။
ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အနေနဲ့ လာမယ့် မတ် ၂၅ ရက်နေ့မှာ ချက်အသင်းနဲ့ ကစားသွားရမှာပါ။
အီလန်ဂါရဲ့ ဖခင်ဖြစ်သူ ဂျိုးဆက်ဟာ ဆွီဒင်ကလပ် မယ်မိုအသင်းနဲ့ ကင်မရွန်းလက်ရွေးစင်အသင်းတို့မှာ ကစားခဲ့ပါတယ်။