မန်ယူတိုက်စစ်မှူး အီလန်ဂါကို ခေါ်ယူရန် အဲဗာတန်အသင်း ကြိုးပမ်း

3
မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အီလန်ဂါကို အဲဗာတန်အသင်းကခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၀ အရွယ် ဆွီဒင်ကြယ်ပွင့်ဟာ အခုနှစ်ရာသီမှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတာပါ။ ပွဲတချို့မှာလည်း သူ့နေရာမှာ လူငယ်ကစားသမား ဂါနာချိုကိုသာ နည်းပြက ထည့်သွင်းအသုံးပြုမှုတွေရှိပါတယ်။
အဲဗာတန်အသင်းဟာ တန်းဆင်းဇုန်နဲ့ အမှတ်သိပ်မကွာ တော့တာကြောင့် တိုက်စစ်ပိုင်းဖြည့်တင်းတဲ့အနေနဲ့ အီလန်ဂါကို အငှားစာချုပ်နဲ့ခေါ်ယူလိုနေတာပါ။
အီလန်ဂါဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိပွဲစဉ် ၁၀ပွဲ ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။