close

အေဂျက်

close

July 28, 2022

အေဂျက်နောက်ခံလူ လီဆန်းဒရိုမာတီနက်ဇ်ကို မန်ယူအသင်းက ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူ

အာဂျင်တီးနား နောက်တန်းကစားသမား လီဆန်းဒရိုမာတီနက်ဇ်ကို အေဂျက်အသင်းကနေ  မန်ယူအသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တဲ့အကြောင်း မန်ယူအသင်းက ဇူလိုင် ၂၇ ရက်မှာ ကြေညာပါတယ်။

အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်ကို ယူရို ၅၇ ဒသမ ၃၇ သန်းနဲ့ မန်ယူအသင်းက ခေါ်ယူဖို့ ဒီလဆန်းပိုင်းမှာ ကနဦး သဘောတူညီချက် ရရှိခဲ့ပြီး အခုတော့ အပြောင်းအရွှေ့ကိစ္စ ပြီးပြတ်သွားတဲ့သဘော ဖြစ်ပါတယ်။

စာချုပ်အရ မန်ယူအသင်းဘက်က ဆန္ဒရှိရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးနိုင်သေးတယ်လို့လည်း အသင်းက ဆိုပါတယ်။

မာတီနက်ဇ်ဟာ အလယ်နောက်ခံလူအဖြစ်နဲ့ရော ကွင်းလယ်လူအဖြစ်နဲ့ရော ကစားနိုင်တဲ့ ဘောလုံးသမားဖြစ်ပြီး အေဂျက်အသင်းမှာ အဲရစ်ခ် တန်ဟတ်ဂ် နည်းပြမှုနဲ့ သုံးရာသီ ကစားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ သမိုင်းမှာ မကြုံဘူးတဲ့ အရှုံးရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ယူအသင်းဟာ သြဂုတ် ၇ ရက်နေ့ကျရင် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းနဲ့ ပွဲဦးထွက်ကစားရမှာ ဖြစ်ပါတယ်။

1 hour Ago

October 25, 2020

ပြိုင်ဘက်အသင်းကို စံချိန်တင် ၁၃ ဂိုးသွင်းယူခဲ့သည့် အေဂျက်အသင်း (ရုပ်သံဟိုက်လိုက်)

အေဂျက်အသင်းဟာ အောက်တိုဘာ ၂၄ ရက်က ကစားခဲ့တဲ့ နယ်သာလန်လိဂ်ပွဲစဉ်မှာ ပြိုင်ဘက် VVV ဗန်လိုအသင်းကို ၁၃ ဂိုး အထိသွင်းယူကာ လိဂ်ရဲ့ အကြီးမားဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။  ဒီပွဲမတိုင်ခင်မှ အေဂျက်အသင်းဟာ ပီအက်စ်ဗွီအသင်းရဲ့နောက် ၁ မှတ်အကွာမှာ ရှိနေတာဖြစ်ပြီး စံချိန်တင်နိုင်ပွဲကြောင့် ၄ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။  အေဂျက်နဲ့ အဆင့် ၁၀ နရာက VVV ဗန်လိုအသင်းတို့ တွေ့ဆုံမှုမှာ အေဂျက်က အနိုင်ရရှိဖို့ ရေပန်းစားခဲ့ပေမဲ့ ၁၃ ဂိုးအထိသွင်း ယူနိုင်လိမ့်မယ်လို့တော့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။ ပွဲအစ ၁၃ မိနစ်မှာတင် အေဂျက်အသင်းအတွက် အဖွင့်ဂိုးကို ဂျာဂန်အကီလန်ကမ့်က သွင်းယူခဲ့ပြီး လက်ဆနာထရာအိုရေးက အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့သလို တာဒစ်ရဲ့သွင်းဂိုး ၁ ဂိုး ကြောင့်လည်း ပထမပိုင်းမှာတင် ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။  ဒုတိယပိုင်းစပြီး ၆ မိနစ်မှာတင် VVV အသင်းရဲ့ နောက်ခံလူတဦး ထုတ်ပယ်ခံခဲ့ရပြီး ဒီ အခြေအနေက အသင်းရဲ့ ခြေစွမ်းကို ပိုမိုဆိုးရွားစေခဲ့ကာ အေဂျက်အသင်းရဲ့ နောက်ထပ်ဂိုးတွေကို ထပ်မံခွင့်ပြုပေးခဲ့ရပါတယ်။ အေဂျက်ကစားသမားတွေဟာ ဒုတိယပိုင်း ၃၂ မိနစ်အတွင်း နောက်ထပ် ၉ ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ကာ ပွဲချိန် ၃ မိနစ်ခွဲတိုင်းမှာ ၁ ဂိုးနှုန်း နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ ထရာအိုရေးက နောက်ထပ်သွင်းဂိုး ၃ ဂိုးရရှိခဲ့တာကြောင့် သူဟာ ဒီပွဲမှာ သွင်းဂိုး ၅ ဂိုး အထိရှိခဲ့ပြီး အကီလန်ကမ့်က ၁ ဂိုး၊ ဘရာဇီးကွင်းလယ်လူ အန်တိုနီယိုက ၁ ဂိုး သွင်းယူခဲ့ပါတယ်။   ဂိုးပြတ်အနိုင်ရရှိနေချိန်မှာ အေဂျက်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ဟန်တဲလ်လားကို ထည့်သွင်းခဲ့ပြီး ဒီကစားသမားက ပင်နယ်တီ ၁ ဂိုး အပြင် ၂ ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ လူစားဝင်ကစားသမား မာတီနက်ဇ်ကလည်း  ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။   အေဂျက်အသင်းဟာ ဒီပွဲမှာ ဂိုးကန်သွင်းမှု ၄၅ ကြိမ်ရှိခဲ့ပြီး ၂၃ ကြိမ်က ဂိုးပေါက်တည့်ကာ ၁၃ ကြိမ်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။  စနေနေ့အနိုင်ရလာဒ်ကြောင့် အေဂျက်အသင်းဟာ ဗွီတက်ဆီအသင်းကို ၁၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၁၉၇၂ ခုနှစ်စံချိန်ကို ချိုးဖျက်ကာ နယ်သာလန်လိဂ်ရဲ့ အကြီးမားဆုံး ဂိုးပြတ် အနိုင်ရလဒ်ဆိုတဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
2 years Ago
Up