အေဂျက်နောက်ခံလူ လီဆန်းဒရိုမာတီနက်ဇ်ကို မန်ယူအသင်းက ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူ

အာဂျင်တီးနား နောက်တန်းကစားသမား လီဆန်းဒရိုမာတီနက်ဇ်ကို အေဂျက်အသင်းကနေ မန်ယူအသင်းက ငါးနှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တဲ့အကြောင်း မန်ယူအသင်းက ဇူလိုင် ၂၇ ရက်မှာ ကြေညာပါတယ်။
အသက် ၂၄ နှစ်အရွယ် မာတီနက်ဇ်ကို ယူရို ၅၇ ဒသမ ၃၇ သန်းနဲ့ မန်ယူအသင်းက ခေါ်ယူဖို့ ဒီလဆန်းပိုင်းမှာ ကနဦး သဘောတူညီချက် ရရှိခဲ့ပြီး အခုတော့ အပြောင်းအရွှေ့ကိစ္စ ပြီးပြတ်သွားတဲ့သဘော ဖြစ်ပါတယ်။
စာချုပ်အရ မန်ယူအသင်းဘက်က ဆန္ဒရှိရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးနိုင်သေးတယ်လို့လည်း အသင်းက ဆိုပါတယ်။
မာတီနက်ဇ်ဟာ အလယ်နောက်ခံလူအဖြစ်နဲ့ရော ကွင်းလယ်လူအဖြစ်နဲ့ရော ကစားနိုင်တဲ့ ဘောလုံးသမားဖြစ်ပြီး အေဂျက်အသင်းမှာ အဲရစ်ခ် တန်ဟတ်ဂ် နည်းပြမှုနဲ့ သုံးရာသီ ကစားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ သမိုင်းမှာ မကြုံဘူးတဲ့ အရှုံးရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ယူအသင်းဟာ သြဂုတ် ၇ ရက်နေ့ကျရင် အိမ်ကွင်းမှာ ဘရိုက်တန်အသင်းနဲ့ ပွဲဦးထွက်ကစားရမှာ ဖြစ်ပါတယ်။