ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ မတ်လ ၂၁ ရက် မနက်က နေအိမ်တအိမ်ရှိ အိမ်သာတွင်းအသစ်ကို ပြုပြင်ဖို့ တွင်းထဲဆင်းသွားစဉ် အောက်စီဂျင်ပြတ်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ရကြောင်း ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
သေဆုံးသူမှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာက လက်သမားလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၅ နှစ်အရွယ် ဦးချစ်လွင်ဖြစ်ပါတယ်။
မျက်မြင်ဒေသခံတဦးက “သူက လူတကိုယ်စာဆံ့တဲ့ အိမ်တွင်းအသစ်ထဲက ကွန်ကရစ်အဖုံးပေါ်က အပေါက်ကို အိမ်သာကျင်းထဲဆင်းပြီး သစ်သားဒေါက်တိုင်တွေကို ပြန်ဖြုတ်ယူတာ။ ကျင်းထဲမှာ အောက်ဆီဂျင်မရှိတော့ အသက်ရှူပြတ်တောက်ပြီး သတိမေ့သွားတာ။ အိမ်ရှင်နဲ့ နောက်အလုပ်သမား ၃ ဦး ကျင်းထဲဆင်းပြီး ကယ်ထုတ်ကြတယ်။ သူတို့ ၃ ဦးလည်း အပေါ်ကို ရောက်တာနဲ့ သတိမေ့သွားကြတယ်။ ဦးချစ်လွင်ကို လေးဝတီကုလရက္ခိတ ပရဟိတအသင်းက အရေးပေါ်ဆေးရုံပို့ရာ လမ်းခုလတ်မှာ ဆုံးသွားတယ်။ သူ့ကို ကယ်ထုတ်တဲ့ အိမ်ရှင်နဲ့ အလုပ်သမား ၃ ဦးက အောက်ဆီဂျင်ရှူခိုင်းပြီး ပြန်သတိရလာကြတယ်” လို့ ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ သူ အလုပ်လုပ်နေတဲ့ ဦးကျော်ဝင်းနေအိမ် အိမ်သာကျင်းအသစ် ပြုလုပ်ရာက ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- လေးဝတီကုလရက္ခိတပရဟိတအသင်း
ရန်ကုန် သာကေတမြို့နယ်အတွင်းမှာ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြု လူနာတွေ ပိုမိုများပြားလာတဲ့အတွက် အောက်ဆီဂျင်နဲ့ အောက်ဆီဂျင်အိုးတွေ ပြတ်လပ်တဲ့ အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“Positive လူနာတွေကို ဆေးရုံတွေက အခုလက်မခံတော့ဘူး။ အဲဒီတော့ အိမ်မှာပဲ ကုသနေရတယ်။ လူနာက အောက်ဆီဂျင် ကျလာတဲ့အခါ နီးစပ်ရာ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရှာရပါတယ်။ အခုက အောက်ဆီဂျင်ရော အိုးတွေပါ ပြတ်လပ်နေတယ်” လို့ ကိုဗစ်-၁၉ လူနာရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကာလ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယလူနာတွေ တစ်နေ့ထက် တစ်နေ့များပြားလာနေရာမှာ အောက်ဆီဂျင်လိုအပ်ချက် မြင့်တက်လာတာနဲ့အတူ စျေးကွက်အတွင်း အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက်တွေပစ္စည်းပြတ်လပ်နေသလို မူလစျေးထက် နှစ်ဆ၊ သုံးဆ မြင့်တက်နေပါတယ်။
40L အောက်ဆီဘူး တစ်ဘူးကို အရင်က ကျပ်တစ်သိန်းခွဲသာ စျေးရှိခဲ့ပေမဲ့ ခုအခါ ကျပ် သုံးသိန်းခွဲကျော်ထိ စျေးရှိနေပါတယ်။ အောက်ဆီဂျင် စက်တစ်လုံးကို အရင်က ကျပ် ၁၀ သိန်းလောက်သာ စျေးရှိခဲ့ပေမဲ့ ခုအခါ ကျပ် သိန်း ၂၀ လောက် ပေးဝယ်နေရပါတယ်။
မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၉ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
Photo-CJ